Popular

Template Information

Welcome To Sora Films

Browsing "Older Posts"

VMware ပေါ်မှာ Windows 8 ကို Install လုပ်နည်း

/


ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို VMware ပေါ်မှာ ဘယ်လို Install လုပ်လို့ရလဲ ဆိုတဲ့ အကြောင်း ကိုပြောပြမှာ ဖြစ်ပါတယ်။
ဒီနည်း အတွက် ကျွန်တော်တို့ VMware Workstation 9 ကို အသုံးပြုထားပါတယ်။
ကဲ ကြည့်ရအောင်။ဒီနည်းကို အသုံးပြုဖို့ Windows 8 ကို IOS Format ပြောင်းပြီးသား ရှိပါမယ်။နောက်ပြီး VMware သွင်းပြီးသား လည်းဖြစ်နေရပါမယ်။



VMware ပေါ်မှာ Windows 8 ကို Install လုပ်နည်း

Step# 1 VMware Workstation program ကို Run ပါ။ပြီးရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း Home tab
             မှာ ရှိတဲ့ “Create a New Virtual Machine" ကိုနှိပ်ပါ။


Step# 2 ပြီးရင် အောင်ပုံမှာ ပြထားတဲ့ အတိုင်း သင့် Windows 8 ISO file ရှိတဲ့နေရာကိုရွေးပေးပါ။

Step# 4 အောက်ပုံမှာ ပြထားတဲ့အတိုင်း သင်သွင်းမယ့် Operating system ကိုရွေးပေးပါ။Microsoft   ကိုရွေးပြီး Drop Down Menu ကနေ Windows 8 ကိုရွေးပေးပါ။

Step# 5  Virtual machine name နေရာမှာ သင်ကြိုက်တဲ့ နာမည်ကို ပေးပြီး virtual machine သွင်းဖို့
             နေရာကို ရွေးပေးပါ။

Step# 6 Next နှိပ်ပြီးတဲ့နောက်  hard disk size ကိုသင် ကြိုက်သလို ရွေးပေးပါ။


Step# 7 ဒီတစ်ခါ သင့်ကို Windows 8 ကို Run တဲ့ အခါ RAM Memory ဘယ်လောက်သုံးမှာလည်းဆို
            တာကို ရွေးပေးရပါလိမ့်မယ်။သူ့ Default အတိုင်းပဲထားတာ ကောင်းပါလိမ့်မယ်။တကယ်လိုသင်
            ဟာ RAM Memory ကို နည်းနည်းပဲရွေးထားမယ်ဆိုရင် Windows 8 ကိုရွေးတဲ့အခါ နှေးနေပါ
            လိမ့်မယ်။

Step# 8  အောက်မှာ ပြထားတဲ့ အတိုင်း summary screen မြင်ပါလိမ့်မယ်။Finish ကိုနှိပ်ပေးပါ။

Step# 9 ကဲ Windows 8 ကိုသွင်းဖို့ VMware Main Screen ရဲ့ ဘယ်ဘက်မှာ ရှိတဲ့ “Power on this virtual machine” ကိုနှိပ်ပြီး Windows 8 ကို Install လုပ်နည်း အတိုင်းလုပ်သွားပါ။

Image File များကို Mount လုပ်နည်း

/


 
အခုဆိုရင် CD,DVD အခွေတွေ ဈေးကွက်မှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာ နေပါပြီ။နောက်တစ်ခုက ကိုယ်ကြိုက်တဲ့ CD,DVD အခွေတွေကိုမပျက်စီးအောင်ဘယ်လိုထိန်းသိမ်းမလဲ။အကောင်း ဆုံးထိန်းသိမ်းနည်း တစ်ခုက ကိုယ့် CD,DVD တွေကို Image file လုပ်ပြီး PC မှာသိမ်းထားတာ အကောင်းဆုံးပါပဲ။Original အခွေပျက်ဆီးသွားရင် တောင်မှ ကွန်ပျုတာရဲ့ Hard Drive ကနေ Original အခွေတိုင်း ပြန် Run နိုင်ပါတယ်။နောက်ပြီး တစ်ခြား အခွေသစ်ပေါ်မှာ ပြန် Burn နိုင်ပါတယ်။ကိုယ့်ရဲ့ CD,DVD တွေကို Backup လုပ်ဖို့အတွက် Image file တွေ ထဲမှာ ISO image က အကောင်းဆုံးပါပဲ။



ISO file တွေကို ဖတ်ဖို့အတွက်  WinCDEmu ကအကောင်းဆုံးဖြစ်ပါတယ်။ WinCDEmu က Best Windows Tool စာရင်းဝင်ပါတယ်။ဒီ tool က image file တွေကိုဖတ်နိုင်သလို ISO image file တွေကိုပါ
ဖန်တီးနိုင်ပါတယ်။

 WinCDEmu ရဲ့ Feature တွေက 
===================

  • Windows XP / 2003 / Vista / 2008 / 7, 32- နဲ့ 64-bit တွေပေါ်မှာ Run လို့ရတယ်။
  • ISO, CUE, NRG, MDS/MDF, CCD, နဲ့ IMG တွေလို image file တွေကို Mount လုပ်ပေးနိုင်တယ်။
  • DVD-video နဲ့  BD-video Data တွေကို Support လုပ်ပေးနိုင်တယ်။
  • Virtual Drive တွေကို အကန့်သက်မရှိ လုပ်လို့ရတယ်။
  • မသုံးနေရင်တောင် Drive Letter တွေကိုပြပေးနိုင်တယ်။
  • Right Click Menu ကနေ ISO image တွေဖန်တီးပေးနိုင်တယ်။

WinCDEmu ကိုသွင်းနည်းနှင့်အသုံးပြုနည်း

=======================
ဒီ tool ကခါတိုင်းသုံးနေကျ tool တွေထက်အသုံးပြုရတာ ပိုပြီးလွယ်ကူပါတယ်။တစ်ခါသွင်းပြီးသွားတာနဲ့
သင့်ရဲ့ image file တွေကို ချက်ချင်း mount လုပ်လို့ ရနိုင်ပါတယ်။image file တစ်ခုကို Double-Click
လုပ်ကြည့်လိုက်ပါ WinCDEmu ရဲ့ Windows တတ်လာတာ တွေ့ရမှာဖြစ်ပါတယ်။အဲဒီ့ Windows ထဲမှာ
a drive letter, select the disc type, disable autorun,keep drive after restart နဲ့ manage drive letters automatically ဆိုပြီး option တွေတွေ့ရမှာ ဖြစ်ပါတယ်။

OK ကိုနှိပ်လိုက်တာနဲ့ သင့် image file Mount ဖြစ်သွားပါပြီ။နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် သင့်ရဲ့ Original အခွေ Run နေပါပြီ။


ဒီဟာကိုပဲ နောက်တစ်နည်းနဲ့ အသုံးပြုချင်ရင် manage drive letters automatically ကိုအမှန်ခြစ်ပေး
ထားလိုက်ပါ။နောက်တစ်ခါ image file တွေကို Double-Click လုပ်တိုင်း အပေါ်မှာပြထားတဲ့ Winodws
ပေါ်မလာတော့ပါဘူး။Auto လုပ်သွားပါလိမ့်မယ်။

အဲ့ဒီ့ Windows ကိုပြန်မြင်ချင်ရင် တော့ image file ကို Right Click နှိပ်ပြီး drive letter & mount ကိုရွေးပါ။

Image File ကို Mount မလုပ်ချင်တော့ဘူးဆိုရင် Computer ကိုသွားပါ။အဲ့ဒီမှာ Removable Storage ဆိုတယ့် အပိုင်းမှာ ကိုယ် Mount လုပ်ထားတာတွေ့ပါလိမ့်မယ်။အဲ့ဒီ့ ပေါ်ကို Right Click လုပ်ပြီး Eject လုပ်လိုက်ပါ။

ISO File တစ်ခု ဖန်းတီးနည်း

ISO image file တစ်ခုလုပ်ဖို့ အတွက်ဆိုရင် DVD Drive ရှိမှ ရမှာဖြစ်ပါတယ်။Image file လုပ်ချင်တဲ့ အခွေကို DVD Drive ထဲထည့်ပါ။ပြီးရင် DVD Drive ကို Right Click နှိပ်ပြီး menu ကနေ
Create ISO image နှိပ်လိုက်ပါ။image file ထားဖို့အတွက်ကိုယ့်ရဲ့ Hard Drive မှာနေရာတစ်နေရာရွေး
ပါ။အဲ့ဒီ နေရာမှာ WinCDEmu က သင့်ရဲ့အခွေကို image file လုပ်ပြီးသိမ်းထားမှာဖြစ်ပါတယ်။

Windows 8 တင်နည်း

/


ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။


သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Windows 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။


မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။

Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။

Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။


ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။

Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)

ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)

Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။

ပြီးရင် Restart ကြသွားလိမ့်မယ်။


Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။

Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။

နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)

ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။



Windows 7 မှာ DVD Drive ပျောက်ရင် ဖြေရှင်းနည်း

/
Windows 7 မှာ DVD Drive ပျောက်တာ တစ်ခါတစ်လေကျရင် ကြုံရတတ်ပါတယ်။အဲဒီ အခါကျရင် ကျွန်တော်တို့ BIOS ထဲဝင်ကြည့်တတ်ပါတယ်။BIOS ထဲဝင်ကြည့်ရင် လည်းအဲ့ဒီမှာ DVD Drive ရှိနေတယ်ဆိုတဲ့
အကြောင်းပြနေတယ်။အဲ့ဒီလို ဘာဖြစ်လို့ဖြစ်ရလည်းဆိုရင်
အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ဖြစ်နိုင်ခြေများတာက
Registry error တွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆ လို့ရပါတယ်။ဒါကြောင့် ဒီနည်းကိုသုံးပြီး Registry တစ်ချို့ ကို ကလိပေးရင် ပြန်ကောင်းနိုင်ပါတယ်။ကဲကြည့်ရအောင်။





အဆင့် ၁။ Start Menu ကို Click နှိပ်ပါ။ပြီးရင် Regedit ကိုရိုက်ထည့်ပေးပါ။

အဆင့် ၂။ Registry Editor ပေါ်လာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်း Double click
              နှိပ်ပြီးသွားပါ။


HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

အဆင့် ၃။ အပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းသွားပြီးရင် Folder name  “{4D36E965-E325-11CE-BFC1-08002BE10318}” ကိုရှိပြီး အောက်ပုံမှာပြထားတဲ့ အတိုင်း Upper filter ကို
Delete လုပ်ပေးပါ။Upper Fillter လို့မတွေ့ Lower Filter လို့တွေ့ပါလိမ့်မယ်။Lower Filter ကိုလည်း
Delete လုပ်ပေးပါ။

တယ်ကယ်လို့သင်ဟာ “UpperFilters.bak” ကိုတွေ့နေတယ်ဆိုရင် မဖျက်ပါနဲ့။

အဆင့် ၄။ ပြီးရင် Registry Editor ကိုပိတ် သင့်ရဲ့ PC ကို Restart လုပ်ပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။

သင့် Computer ကိုအန္တရာယ်ပေးနိုင်ခြေများတဲ့ File extension များ

/

File Extension တစ်ခုတည်း ကိုပဲသတိထားရမှာ မဟုတ်ပါဘူး။တစ်ခြား
အန္တရာယ်ရှိနိုင် ခြေများတဲ့ file extension များရှိသေးပါတယ်။ကဲဘယ် Extension တွေလည်းကြည့်ရအောင်။                                 




ဘာဖြစ်လို့ ဒီ File extension တွေက အန္တရာယ်ရှိ ရတာလဲ?

ဘာကြောင့် ဒီ File extension တွေက အန္တရာယ်ရှိရတာလဲ ဆိုရင် သူတို့မှာ Code တွေပါလို့ (သို့) လိုသလို ခိုင်းစေနိုင်တဲ့ command တွေပါလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ့ code တွေဟာ Virus code တွေလည်းဖြစ်နိုင်ပါတယ်။.exe file တစ်ခုဟာ ဘာဖြစ်လို့ ပိုပြီးသတိထားရလည်းဆိုရင် သူတို့ဟာ
program တွေဖြစ်ပါတယ်။အဲ့ဒီ့ program တွေဟာ သင့်ရဲ့ Windows PC ကိုဘာမဆိုလုပ်နိုင်ပါတယ်။
Media file တွေဖြစ်တဲ့ JPEG images နဲ့ .MP3 music File တွေဟာ code တွေမပါတဲ့အတွက် ကြောင့်
အန္တရာယ်မရှိဘာဘူး။(တစ်ချို့ ဖြစ်ရပ်တွေမှာ image file တွေနဲ့ တစ်ခြား media file တွေကိုသုံးပြီး
သင့် PC ရဲ့ အားနည်းချက်နေရာ ကနေ virus တွေဝင်ရောက်နိုင် ပါတယ်။ဒါပေမယ့် ဒီလိုမျိုး ဖြစ်တာ တော်တော်လေးကို ရှားပါတယ်။)

ဒါပေမယ့် မှတ်ထားဖို့က ဘယ်ဖိုင် အမျိုးအစားတွေမှာ Code တွေ Script တွေ နဲ့ တစ်ခြား အန္တရာယ်ရှိတဲ့
အရာတွေပါနိုင်တယ်ဆိုတာကို မှတ်ထားဖို့ အလွန်အရေးကြီးပါတယ်။

Program များ

.EXE - Executable Program file တစ်ခုဖြစ်ပါတယ်။Windows တွေမှာ Run တဲ့ Application
တော်တော်များများ .exe file များဖြစ်ပါတယ်။

.PIF - MS-DOS program တွေအတွက် program အချက်အလက် File တစ်ခုဖြစ်ပါတယ်။.PIF file မှာ
executable code မပါဘူးလို့ ယူဆလို့မရဘူး။Windows က သူ့ကို .exe file လိုပဲ သတ်မှတ်ပါတယ်။

.APPLICATION - Microsoft ရဲ့ ClickOne နည်းပညာ နဲ့ အတူ application installer တစ်ခု။

.GADGET - Windows desktop gadget နည်းပညာ အတွက် Microsoft က Windows Vista မှာ စတင်
မိတ်ဆက်ခဲ့ တဲ့ Gadget File အမျိုးအစား တစ်ခု။

.MSI - Microsoft installer file တစ်ခုဖြစ်ပါတယ်။ဒီ File အမျိုးအစား ဟာ သင့်ရဲ့ PC မှာတစ်ခြား Application တွေကိုသွင်းပေးနိုင်တဲ့ အပြင် .exe file တွေနေနဲ့ လည်း Install လုပ်ပေးနိုင်ပါတယ်။

.MSP - Windows installer patch file တစ်ခုဖြစ်ပါတယ်။Application များကို .MSI file နဲ့ Deploy လုပ်ပြီး Patch လုပ်ပေးနိုင်ပါတယ်။

.COM - MS-DOS ကသုံးတဲ့ original file အမျိုးအစားဖြစ်ပါတယ်။

.SCR - Microsoft ရဲ့ Windows မှာသုံးတဲ့ Windows screen saver တစ်ခုဖြစ်ပါတယ်။ဒီ file အမျိုးအစားမှာ executable code များပါဝင်နိုင်ပါတယ်။

.CPL - Control Panel file တစ်ခုဖြစ်ပါတယ်။ Control Panel ထဲမှာရှိတဲ့ Utility အကုန်လုံး .CPL File များဖြစ်ပါတယ်။

.MSC - Microsoft Management Console file တစ်ခုဖြစ်ပါတယ်။Group policy editor နဲ့ disk management tool တွေဟာ .MSC File အမျိုးအစား Application များဖြစ်ပါတယ်။

.Jar - .Jar တွေမှာ executable Java code များပါဝင်ပါတယ်။တကယ်လို့ Java Run Time ကို သင့်ရဲ့ PC မှာ သွင်းထားတယ်ဆိုရင် .Jar file တွေဟာ Program အဖြစ် Run ပါတယ်။


Script များ

.BAT - Batch ဖိုင်တစ်ခုဖြစ်ပါတယ်။သူ့ထဲ မှာ command စာရင်းတွေ ပါဝင်ပါတယ်။သူ့ကို ဖွင့်လိုက်မယ်
ဆိုရင် သင့်ရဲ့ PC မှာ Run နေပါလိမ့်မယ်။မူလအားဖြင့်  MS-DOS ကအသုံးပြုပါတယ်။

.CMD - Batch ဖိုင်တစ်ခုဖြစ်ပါတယ်။သူလည်း .Bat ဖိုင်နဲ့ အတူတူပါပဲ။ဒီ File Extension ကို Windows NT မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

.VB, .VBS - VBscript ဖိုင်တစ်ခုဖြစ်ပါတယ်။ VBScript code တွေပါဝင်တဲ့ အတွက်ကြောင့် သူ့ကို Run လိုက်မယ်ဆိုရင် execute လုပ်ပါလိမ့်မယ်။

.VBE - encrypt လုပ်ထားတဲ့  VBScript ဖိုင်တစ်ခုဖြစ်ပါတယ်။VBScript file တွေနဲ့ အတူတူပဲ။ဒီ File ကို
Run လိုက်ရင် ဘာဖြစ်နိုင်တယ်ဆိုတာကို လွယ်လွယ်နဲ့ပြောပြဖို့ မလွယ်ပါဘူး။

.JS - Java Script file တစ်ခုဖြစ်ပါတယ်။.JS file တွေဟာသာမန်အားဖြင့် Webpage တွေမှာ အသုံးပြုကြပါတယ်။ဒါပေမယ့် Windows က .JS file တွေကို အပြင်ကနေလည်း Run နိုင်ပါတယ်။

.JSE - Encrypt လုပ်ထားတဲ့ JavaScript file တစ်ခုဖြစ်ပါတယ်။

.WS, .WSF - Windows Script ဖိုင်တစ်ခုဖြစ်ပါတယ်။

.WSC, .WSH - Windows Script Component နဲ့ Windows Script Host control File များဖြစ်ပါတယ်။
Windows Script ဖိုင်တွေနဲ့ တွဲပြီး အသုံးပြုပါတယ်။

.PS1, .PS1XML, .PS2, .PS2XML, .PSC1, .PSC2 -  Windows PowerShell Script file တစ်ခုဖြစ်ပါတယ်။

.MSH, .MSH1, .MSH2, .MSHXML, .MSH1XML, .MSH2XML - Monad script file တစ်ခုဖြစ်ပါတယ်။Monad ဟာ PowerShell ကို နောက်ပိုင်း နာမည်ပြောင်းပေးထားခြင်းဖြစ်ပါတယ်။

Shortcut များ

.SCF -Windows Explorer command ဖိုင်တစ်ခုဖြစ်ပါတယ်။အန္တရာယ်ရှိနိုင် များတဲ့ အရာတွေ Windows Explorer ကနေဖြတ်ဝင်လာနိုင်ပါတယ်။

.LNK - သင့်ရဲ့ Computer မှာရှိတဲ့ program တစ်ခုရဲ့ Link တစ်ခုဖြစ်ပါတယ်။command-line attribute တွေပါဝင်လို့ Link ဖိုင်တွေဟာလည်း အန္တရာယ်ရှိနိုင်ပါတယ်။(ဥပမာ - သင့်ရဲ့ File တွေကို မမေးပဲ ဖျက်ပစ်ခြင်း)

.INF - AutoRun ကသုံးတဲ့ Text ဖိုင်တစ်ခုဖြစ်ပါတယ်။Auto ကိုတော့ လူတိုင်းနီးပါး သိကြပါတယ်။သူ့ ကို
Run လိုက်မယ်ဆိုရင် အန္တရာယ် ပေးနိုင်တဲ့ Application များပါဝင်နိုင်ပါတယ်။

တစ်ခြား Extension များ
.REG - Windows registry file တစ်ခုဖြစ်ပါတယ်။.Reg file ထဲမှာ Registry စာရင်းများပါဝင်တယ်။အဲ့ဒီ့ ဟာကို Run လိုက်ရင် Registry တွေကို Add လုပ်နိုင်သလို Remove လည်းလုပ်နိုင်ပါတယ်။.Reg ဖိုင်တွေဟာ သင့်ရဲ့ Registry ထဲက အရေးကြီးတဲ့ အချက်အလက်တွေကို Remove လုပ်နိုင်သလို Junk file data တွေနဲ့  အစားထိုးနိုင်ပါတယ် (သို့) malicious data ကိုထည့်နိုင်ပါတယ်။

Office Macro များ

.DOC, .XLS, .PPT -  Microsoft Word, Excel, နဲ့ PowerPoint document များဖြစ်ပါတယ်။ဒီ File တွေထဲမှာ malicious macro code များပါနိုင်ပါတယ်။

.DOCM, .DOTM, .XLSM, .XLTM, .XLAM, .PPTM, .POTM, .PPAM, .PPSM, .SLDM -  Office 2007 မှာ စတင်မိတ်ဆက်ပေးခဲ့ တဲ့ File extension အသစ်များဖြစ်ပါတယ်။
ဖိုင် extension တွေရဲ့ နောက်ဆုံး မှာ M တွေနဲ့ အဆုံးသတ်ပါတယ်။အဲ့ဒီ documents ဖိုင်တွေထဲမှာ Macro ပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။(ဥပမာ -.DOCX မှာ Macro မပါဘူးလို့ယူဆနိုင်ပြီး .DOCM
မှာ Macro ပါနိုင်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။

ဟုတ်ကဲ့ အပေါ်မှာ ပြထားတဲ့ စာရင်းတွေဟာ ပြည့်စုံစေ့စပ်တယ်လို့ မဆိုနိုင်သေးပါဘူး။ .PDF လို File extension တွေအများကြီးကျန်ပါသေးတယ်။သူ့တို့မှာ လည်း Security Problem တွေရှိပါတယ်။ဒါပေမယ့်
အခု အပေါ်မှာ ဖော်ပြထားတဲ့ File extension တွေဟာ သင့်ရဲ့ Computer ကို အန္တရာယ်ပေးနိုင်ခြေများတဲ့ File extension များဖြစ်ပါတယ်

Windows PC မှာ Chrome OS ကို Run နည်း

/


 
Chrome OS ကို Google ကနေ Design လုပ်ထားပြီး
Open Source Linux ကိုအခြေခံထားတဲ့ Operating
System တစ်ခုဖြစ်ပါတယ်။တစ်ချို့ Device တွေမှာ 
Chrome OS ကိုအသင့် Install လုပ်ပြီးသားလာပါ
တယ်။Chrome OS ဟာ မြန်ဆန်မှုလည်းရှိပြီး Stable နှင့် လုံခြုံမှုလည်းရှိပါတယ်။ကျွန်တော်တို့ ဒီနည်းကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ Windows PC 
မှာ Chrome OS ကို Run နိုင်မှာ ဖြစ်ပါတယ်။ကဲ ကြည့်ရအောင်။




Google Canary ဖြင့်သွင်းနည်း

အဆင့် ၁။  ။ ကျွန်တော်တို့ ဒီ Chrome OS ကို Run ဖို့အတွက် Google Chrome Canary ကိုလိုအပ်ပါလိမ့်မယ်။Canary ဆိုတာက Chrome ရဲ့ Feature အသစ်တစ်ခုဖြစ်ပြီး အများအားဖြင့် Developer တွေအတွက်ဖြစ်ပါတယ်။ဒါပေမယ့် သင့်ဟာ Developer တစ်ယောက်မဟုတ်ရင် တောင် အဲ့ဒီ့ဟာကို Download လုပ်ပြီး သင့်ရဲ့ PC မှာ Install လုပ်နိုင်ပါတယ်။

Google Chrome Canary အားရယူရန်

အဆင့် ၂။  ။ Install လုပ်ရတာလည်း လွယ်ကူပြီး Install လုပ်ပြီးသွားတာနဲ့ Google Chrome Canary ကို Run လိုက်ပါ။ပြီးရင် Setting ကိုသွားပါ ‘Open Ash Desktop’ ကို Click လုပ်ပါ (သို့) Ctrl+Shift+A ကိုနှိပ်လိုက်ပါ။Chrome OS window အသစ်တစ်ခု တတ်လာပါလိမ့်မယ်။


ဒါက Google Chrome Canary ကိုသုံးပြီး Windows PC မှာ Chrome OS ကို Run နည်းဖြစ်ပါတယ်။နောက်တစ်နည်း ကြည့်ရအောင်။

 Virtual Box ဖြင့်သုံးနည်း

ဒီနည်းမှာ ကျွန်တော်တို့ Chrome OS ကို  virtualize လုပ်ပြီး Windows PC မှာ သုံးနိုင်ပါတယ်။
နောက်တစ်ခုက သင့်ရဲ့ PC မှာ Virtual Box (သို့ VMware) ရှိရပါမယ်။ကောင်းပြီ Google က Chrome OS ကို ကျွန်တော်တို့အတွက် တရားဝင် Download လုပ်ဖို့မပေးထား ပါဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ တရားမ၀င် Build လုပ်ထားတဲ့ OS ကိုသုံးရလိမ့်မယ်။

အဆင့် ၁ ။  ။ Chrome OS ကို Download လုပ်ဖို့အတွက် ဒီ Link ကိုသွားပါ။Virtual Box အတွက် image file ကို Download လုပ်ဖို့  virtual box icon ကို Click လုပ်ပေးလိုက်ပါ။တကယ်လို့သင့်မှာ Virtual Box မရှိရင် ဒီမှာ Download လုပ်ပါ။

အဆင့် ၂ ။  ။ Virtual Box ကို Run လိုက်ပါ ပြီးရင် virtual machine အသစ်တစ်ခု Create လုပ်ပေးပါ။အဲ့ဒီမှာ OS Type ကို မေးပါလိမ့်မယ်။ Linux လို့ရွေးပေးလိုက်ပါ။နောက်တစ်ခါ Memory ကိုမေးပါလိမ့်မယ်။သင် Chrome OS ကို Run တဲ့အခါ Memory ဘယ်လောက်ပေးသုံးမှာလည်းကိုဆိုလို
တာပါ။သင် နှစ်သက်ရာပေးနိုင်ပါတယ်။နေအုံး နှစ်သက်ရာပေးနိုင်တယ်ဆိုပေမယ့် နည်းနည်းလေးပဲသွားပေးရင် OS ကို Run တဲ့အခါ နှေးနေပါလိမ့်မယ်။ကဲ တစ်ဆင့်ချင်း အကုန်လုပ်ပြီးသွားရင် သင့်အခုနက Chrome OS အတွက် create လုပ်ထားတဲ့ Machine ကို Run လုပ်ပါ။ Chrome OS ကို စတင်အသုံးပြုနိုင်ပါပြီ။

ဒါကတော့ Virtual Box ကိုသုံးပြီး Chrome OS ကို Windows PC ပေါ်မှာ Run တဲ့နည်း။နောက် တစ်နည်းထက် ကြည့်အောင်။

Portable နည်း

Google ရဲ့ Chrome OS ကိုသင့်ရဲ့ USB Drive ပေါ်မှာတောင် Install လုပ်ပြီး USB Drive ကနေ Boot တတ်ပြီးအသုံးပြုနိုင်ပါတယ်။အဲ့ဒါတွေ အတွက် အောက်မှာ ပြထားတဲ့ အတိုင်းလုပ်ပေးပါ။

အဆင့် ၁ ။  ။ USB image ကို Download လုပ်ဖို့အတွက် Virtual Box ဖြင့်အသုံးပြုနည်း မှာရှိတဲ့ Link ကနေပဲ သွားပြီး Download လုပ်နိုင်ပါတယ်။နောက်တစ် ခု Windows Image Writer ကို Download လုပ်ပေးပါ။Download လုပ်ပြီးသွားရင် အဲ့ဒီ့ Software ကို Run ပြီး အခုနက Download လုပ်ထားတဲ့
Image File နဲ့ သင့်ရဲ့ USB Drive ကိုရွေးပြီး Write ကို Click နှိပ်ပေးပါ။USB Drive ကလည်းအနည်းဆုံး 4GB ရှိရပါလိမ့်မယ်။

အဆင့် ၂ ။  ။သင့်ရဲ့ PC ကို Restart လုပ်ပြီး USB Drive ကနေ Boot တတ်ပါ။USB Drive ကနေ Boot တတ်ဖို့ F2 (သို့) Delete Key ကိုနှိပ်ပြီး BIOS ထဲမှာ First Boot Device ကို USB ကိုထားပြီး Boot တတ်နိုင်သလို F12 နှိပ် USB Drive ကိုရွေးပြီး Chrome OS ကို Boot တတ်နိုင်ပါပြီ။

ကိုယ့်မှာ Chrome Device တွေမရှိရင် တောင် ဒီနည်းကိုအသုံးပြုပြီး Chrome OS ကိုကိုယ့်ရဲ့ PC မှာ အသုံးပြုနိုင်ပါတယ်။ကျွန်တော်တို့ ဒီနည်းမှာ အသုံးပြုတဲ့ တရားမ၀င် OS ဟာ Hexxeh က Build လုပ်ထား
တာဖြစ်ပါတယ်။

Windows 8 မှာ Audio CD Burn နည်း

/

ဒါကတော့ Computer နဲ့ Windows 8 ကိုစလေ့လာတဲ့ သူတွေအတွက်ဖြစ်ပါတယ်။
ဒါမှမဟုတ် Windows 8 မှာ Audio CD Burn နည်းကို သိချင်သူများ အတွက်ဆိုလည်မမှားနိုင်ပါဘူး။
Windows 8 မှာ Audio CD Burn နည်း ကိုကြည့်ရအောင်။



 
Audio CD ဘယ်လို Burn မလဲ?

အရင် Windows Version တွေတုံးကလိုပဲ Windows 8 မှာလည်း Windows Media Player Built-in ထည့်ပေးထားပါတယ်။

Windows Media Player ကိုရှာဖို့အတွက် Keyboard ကနေ Windows Key ကိုနှိပ်ပါ။

ပြီးရင် Keyboard ကနေပဲ "Windows Media" လို့ ရိုက်ပြီး အောက်ပုံမှာ ပြထားတဲ့အတိုင်း Apps Search Result မှာ "Windows Media Player" ဆိုပြီး ပေါ်နေပါလိမ့်မယ်။Enter နှိပ်လိုက်ပါ။


Windows Media Player ဖွင့်ပြီးတဲ့နောက် Burn ဆိုတဲ့ Tab ကိုပြောင်းလိုက်ပါ။

သင် Audio CD Burn ချင်တဲ့ သီချင်း file ရှိတဲ့ နေရာကိုဖွင့်လိုက်ပါ။
ပြီးရင် သင်ထည့်ချင်တဲ့ သီချင်း ဖိုင်ကို Drag လုပ်ပြီး Burn List ထဲထည့်ပေးပါ။

သင်ထည့်ချင်တဲ့ သီချင်းတွေထည့်ပြီးသွားရင် "Start Burn" ဆိုတဲ့ Button ကိုနှိပ်ပေးလိုက်ပါ။

Audio CD Burn လို့ပြီးသွားရင် သင့်ရဲ့ CD/DVD ထွက်လာပါလိမ့်မယ်။
အဲ့ဒီ Burn ထားတဲ့ အခွေကိုပဲ ပြန်ထည့်လိုက်ရင် CD ထဲမှာရှိတဲ့ File တွေဟာ CDFS ဆိုတဲ့ Format တွေနဲ့ မြင်တွေ့ရမှာပါ။အဲ့ဒီ့ CDFS Format တွေကို Media Player မရွေးဖွင့်ပေးနိုင်ပါတယ်။

Windows 8 မှာ Audio CD Burn နည်း ဆိုတာ ဒါပါပဲ။

Windows ထဲမှ File များကို Rename ပေးနည်း

/

Windows က Multiple File များကို Rename လုပ်ဖို့ရန်အတွက် နည်းလမ်းပေါင်း
အများကြီးနဲ့ လုပ်ခွင့်ပေးထားပါတယ်။ဥပမာ- Windows Explorer,  Command Prompt, or PowerShell တို့ကနေ တစ်ခုထက်ပိုတဲ့ File တွေကို Rename လုပ်လို့ရပါတယ်။


 


 

Windows Explorer


Windows Explorer ဟာ တစ်ကြိမ်တည်း မှာပဲ တစ်ခုထက်ပိုတဲ့ File တွေကို မြန်မြန်ဆန်ဆန် Rename လုပ်ပေးနိုင်ပါတယ်။


စရအောင်။သင် Rename ပေးချင်တဲ့ File တွေရှိတဲ့ နေရာကိုအရင်သွားပါ။ပြီးရင် သင့် File တွေကို အပေါ်ဆုံးကနေစပြီး အကုန်လုံးကို Select ပေးပါ။(File ပုံစံတွေဟာ အောက်မှာ ပြထားတဲ့အတိုင်းဖြစ်နေရ
ပါမယ်။)

ပြီးရင်အောက်ပုံမှာ ပြထားတဲ့အတိုင်း ပထမဦးဆုံး File ကို သင်ကြိုက်တဲ့ နာမည်ပေးဖို့အတွက်
Keyboard ကနေ F2 ကိုနှိပ်ပါ။ပြီးရင် သင်ကြိုက်တဲ့ နာမည်ကိုပေးပြီး Enter ခေါ်က်လိုက်ပါ။

Windows Explorer ကသင်ပထမဦးဆုံး ပေးလိုက်တဲ့ နာမည်ပေါ်ကို အခြေခံပြီး ကျန်ရှိနေတဲ့
အောက်က File တွေကိုပါ နံပါတ်တွေတတ်ပေးသွားပါလိမ့်မယ်။ဒီနည်းဟာ ရှင်းရှင်းလင်းလင်းဖြစ်ပေမယ့်
သင့်အတွက် စိတ်တိုင်းမကြဘူးဆိုရင် နောက်ထက်တစ်နည်းကို ကြည့်ရအောင်။

Command Prompt

တစ်ကြိမ်တည်းမှာ ပဲ File တွေကို Rename ပေးဖို့အတွက် rename (သို့) ren လို့ခေါ်တဲ့ Command
Line ကိုအသုံးပြုနိုင်ပါတယ်။ကဲ သင် Rename ပေးချင်တဲ့ Folder ထဲကိုအရင်သွားပါ။ပြီးရင် လွတဲ့နေရာမှာ - Keyboard ကနေ Shift Key ကိုဖိထားပြီး Right Click ကိုနှိပ်ကာ “Open command window here" ကိုရွေးပေးပါ။အမှန်တော့ ကျွန်တော်တို့ အခုပြောနေတဲ့ rename command ဟာ တစ်ကြိမ်တည်းမှာပဲ File Extension တွေကိုပြောင်းဖို့အတွက်သုံးတာပါ။အခုအောက်မှ ပေးထားတဲ့ Command ဟာ File Extension တွေကို Rename လုပ်ပေးနိုင်ပါတယ်။( .html File ကို
.txt File သို့ပြောင်းထားတာဥပမာ အနေနဲ့ပြထားပါတယ်။)

ren *.html *.txt

ဒီနည်းကတော့ File Extension တွေကို Rename ပေးနည်းပဲဖြစ်ပါတယ်။


PowerShell

PowerShell ကိုသုံးပြီး သင့် File တွေကို Rename ပေးလို့ရပါတယ်။PowerShell မှာ အရေးကြီးတဲ့ Command နှစ်ခုက Dir နဲ့ Rename-Item တို့ဖြစ်ပါတယ်။Dir ဟာလက်ရှိရောက်နေတဲ့ directory မှာရှိတဲ့ File တွေကို List လုပ်ထားပြီး Rename-Item က Item(ဒီနေရာမှာတော့ File ပေါ့) တွေကို
Rename ပြုလုပ်ပေးပါတယ်။

PowerShell ဖွင့်ဖို့အတွက် Start Menu ကိုသွားပါ။ပြီးရင် PowerShell လို့ရိုက်ပြီး ပေါ်လာတဲ့
အထဲက PowerShell ကို Run ပေးပါ။သင် Rename ပေးချင်တဲ့ Folder Directory ထဲကိုဝင်ဖို့အတွက်
cd Command ကိုအသုံးပြုရမှာဖြစ်ပါတယ်။ဥပမာ သင်ပြောင်းချင်တဲ့ Folder က C:\Users\Blogger A.K.M\Downloads\Photo ထဲမှာ ရှိတယ်ဆိုရင် အောက်ပုံမှာပြထားတဲ့အတိုင်း cd "C:\Users\Blogger A.K.M\Downloads\Photo" ရေးပြီး Enter နှိပ်ပေးပါ။

ဥပမာ အနေနဲ့ ကျွန်တော်တို့ File နာမည်တွေမှာ Space မခြားချင်ဘူး _ underscore ထည့်ချင်တယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Command ကိုသုံးပြီး ထည့်ပေးနိုင်ပါတယ်။

Dir | Rename-Item –NewName { $_.name –replace “ “,”_” }


“ “ နဲ့ “_” နေရာမှာ သင်ကြိုက်တဲ့ Character တွေကိုထည့် ပြီးပြောင်းလဲနိုင်ပါတယ်။


Rename ပေးနည်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ချင်တယ်ဆိုရင် Microsoft’s documentation on the Rename-Item commandlet ဆိုတဲ့ Webpage မှာ လေ့လာနိုင်ပါတယ်။


Windows ထဲမှ File များကို Rename ပေးနည်း ဆိုတာ ဒါပါပဲ။