Popular

Template Information

Welcome To Sora Films

Windows PC မှာ Chrome OS ကို Run နည်း


 
Chrome OS ကို Google ကနေ Design လုပ်ထားပြီး
Open Source Linux ကိုအခြေခံထားတဲ့ Operating
System တစ်ခုဖြစ်ပါတယ်။တစ်ချို့ Device တွေမှာ 
Chrome OS ကိုအသင့် Install လုပ်ပြီးသားလာပါ
တယ်။Chrome OS ဟာ မြန်ဆန်မှုလည်းရှိပြီး Stable နှင့် လုံခြုံမှုလည်းရှိပါတယ်။ကျွန်တော်တို့ ဒီနည်းကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ Windows PC 
မှာ Chrome OS ကို Run နိုင်မှာ ဖြစ်ပါတယ်။ကဲ ကြည့်ရအောင်။




Google Canary ဖြင့်သွင်းနည်း

အဆင့် ၁။  ။ ကျွန်တော်တို့ ဒီ Chrome OS ကို Run ဖို့အတွက် Google Chrome Canary ကိုလိုအပ်ပါလိမ့်မယ်။Canary ဆိုတာက Chrome ရဲ့ Feature အသစ်တစ်ခုဖြစ်ပြီး အများအားဖြင့် Developer တွေအတွက်ဖြစ်ပါတယ်။ဒါပေမယ့် သင့်ဟာ Developer တစ်ယောက်မဟုတ်ရင် တောင် အဲ့ဒီ့ဟာကို Download လုပ်ပြီး သင့်ရဲ့ PC မှာ Install လုပ်နိုင်ပါတယ်။

Google Chrome Canary အားရယူရန်

အဆင့် ၂။  ။ Install လုပ်ရတာလည်း လွယ်ကူပြီး Install လုပ်ပြီးသွားတာနဲ့ Google Chrome Canary ကို Run လိုက်ပါ။ပြီးရင် Setting ကိုသွားပါ ‘Open Ash Desktop’ ကို Click လုပ်ပါ (သို့) Ctrl+Shift+A ကိုနှိပ်လိုက်ပါ။Chrome OS window အသစ်တစ်ခု တတ်လာပါလိမ့်မယ်။


ဒါက Google Chrome Canary ကိုသုံးပြီး Windows PC မှာ Chrome OS ကို Run နည်းဖြစ်ပါတယ်။နောက်တစ်နည်း ကြည့်ရအောင်။

 Virtual Box ဖြင့်သုံးနည်း

ဒီနည်းမှာ ကျွန်တော်တို့ Chrome OS ကို  virtualize လုပ်ပြီး Windows PC မှာ သုံးနိုင်ပါတယ်။
နောက်တစ်ခုက သင့်ရဲ့ PC မှာ Virtual Box (သို့ VMware) ရှိရပါမယ်။ကောင်းပြီ Google က Chrome OS ကို ကျွန်တော်တို့အတွက် တရားဝင် Download လုပ်ဖို့မပေးထား ပါဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ တရားမ၀င် Build လုပ်ထားတဲ့ OS ကိုသုံးရလိမ့်မယ်။

အဆင့် ၁ ။  ။ Chrome OS ကို Download လုပ်ဖို့အတွက် ဒီ Link ကိုသွားပါ။Virtual Box အတွက် image file ကို Download လုပ်ဖို့  virtual box icon ကို Click လုပ်ပေးလိုက်ပါ။တကယ်လို့သင့်မှာ Virtual Box မရှိရင် ဒီမှာ Download လုပ်ပါ။

အဆင့် ၂ ။  ။ Virtual Box ကို Run လိုက်ပါ ပြီးရင် virtual machine အသစ်တစ်ခု Create လုပ်ပေးပါ။အဲ့ဒီမှာ OS Type ကို မေးပါလိမ့်မယ်။ Linux လို့ရွေးပေးလိုက်ပါ။နောက်တစ်ခါ Memory ကိုမေးပါလိမ့်မယ်။သင် Chrome OS ကို Run တဲ့အခါ Memory ဘယ်လောက်ပေးသုံးမှာလည်းကိုဆိုလို
တာပါ။သင် နှစ်သက်ရာပေးနိုင်ပါတယ်။နေအုံး နှစ်သက်ရာပေးနိုင်တယ်ဆိုပေမယ့် နည်းနည်းလေးပဲသွားပေးရင် OS ကို Run တဲ့အခါ နှေးနေပါလိမ့်မယ်။ကဲ တစ်ဆင့်ချင်း အကုန်လုပ်ပြီးသွားရင် သင့်အခုနက Chrome OS အတွက် create လုပ်ထားတဲ့ Machine ကို Run လုပ်ပါ။ Chrome OS ကို စတင်အသုံးပြုနိုင်ပါပြီ။

ဒါကတော့ Virtual Box ကိုသုံးပြီး Chrome OS ကို Windows PC ပေါ်မှာ Run တဲ့နည်း။နောက် တစ်နည်းထက် ကြည့်အောင်။

Portable နည်း

Google ရဲ့ Chrome OS ကိုသင့်ရဲ့ USB Drive ပေါ်မှာတောင် Install လုပ်ပြီး USB Drive ကနေ Boot တတ်ပြီးအသုံးပြုနိုင်ပါတယ်။အဲ့ဒါတွေ အတွက် အောက်မှာ ပြထားတဲ့ အတိုင်းလုပ်ပေးပါ။

အဆင့် ၁ ။  ။ USB image ကို Download လုပ်ဖို့အတွက် Virtual Box ဖြင့်အသုံးပြုနည်း မှာရှိတဲ့ Link ကနေပဲ သွားပြီး Download လုပ်နိုင်ပါတယ်။နောက်တစ် ခု Windows Image Writer ကို Download လုပ်ပေးပါ။Download လုပ်ပြီးသွားရင် အဲ့ဒီ့ Software ကို Run ပြီး အခုနက Download လုပ်ထားတဲ့
Image File နဲ့ သင့်ရဲ့ USB Drive ကိုရွေးပြီး Write ကို Click နှိပ်ပေးပါ။USB Drive ကလည်းအနည်းဆုံး 4GB ရှိရပါလိမ့်မယ်။

အဆင့် ၂ ။  ။သင့်ရဲ့ PC ကို Restart လုပ်ပြီး USB Drive ကနေ Boot တတ်ပါ။USB Drive ကနေ Boot တတ်ဖို့ F2 (သို့) Delete Key ကိုနှိပ်ပြီး BIOS ထဲမှာ First Boot Device ကို USB ကိုထားပြီး Boot တတ်နိုင်သလို F12 နှိပ် USB Drive ကိုရွေးပြီး Chrome OS ကို Boot တတ်နိုင်ပါပြီ။

ကိုယ့်မှာ Chrome Device တွေမရှိရင် တောင် ဒီနည်းကိုအသုံးပြုပြီး Chrome OS ကိုကိုယ့်ရဲ့ PC မှာ အသုံးပြုနိုင်ပါတယ်။ကျွန်တော်တို့ ဒီနည်းမှာ အသုံးပြုတဲ့ တရားမ၀င် OS ဟာ Hexxeh က Build လုပ်ထား
တာဖြစ်ပါတယ်။

Share This: