Popular

Template Information

Welcome To Sora Films

Browsing "Older Posts"

Browsing Category "IOS APPS"

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

/

ဒီဆောစ့်ဝဲလ်လေးကတော့ face book အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
ဖုန်းကနေ ဗီဒီယိုချက် စကားပြော စတာတွေ အသုံးပြုလို့ရပါတယ်
ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါတယ်
စကားပြောတာလည်း အသံကြည်ပါတယ် သူက 3G 4G ၀ိုင်ဖိုင်ကွန်ရက်အတွင်းမှာ အသုံးပြုလို့ရပါတယ်
အသုံးပြုချင်တယ်ဆိုရင် ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် ဖွင့်ပါ
face book နဲ့ဝင်ပါ အကောင့်နာမည်ပေးတဲ့အခါ မြန်မာနာမည်အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မြန်မာနာမည်နဲ့ပေါ်နေရင် အင်္ဂလိပ်နာမည်ပြောင်းပေးပြီးတော့ Save လိုက်ပါ
အဲဒါပြီး ကိုယ်သူငယ်ချင်းတွေ လည်း အသုံးပြုထားတယ်ဆိုရင် တစ်ခါတည်းပေါ်ပါတယ်
မပေါ်လည်း ကိစ္စမရှိပါဘူး face book ကနေ ဘာနာမည်နဲ့ ၀င်ထားလည်းဆိုတာ လှမ်းတောင်းလိုက်ပါ
ကိုယ်အကောင့်ဖွင့်တုန်းက Save ခဲ့တဲ့နာမည်လေးပေးလိုက်ပါ ပေးတဲ့ နာမည်ကို ဆက်သွယ်ပြီး
သူနဲ့ကိုယ် ဗီဒီယိုချက်လုပ်မလား စကားပြောမလား ကြိုက်တာလုပ်လို့ရပါပြီ ခင်ဗျာ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

APK Download>>>>mirrorupload (or)sendspace (or)zippyshare
Ipa Dwonload>>>https://itunes.apple.com/
For Pc Dwonload>>>mirrorupload (or)zippyshare (or)sharebeast

တစ်မ္ဘာလုံးနီးပါးဘဲ နိုင်ငံ အလိုက်ရွှေးပြီး  ကြိုက်တဲ့အထဲဝင်ပြီး Chat လို့ရတယ် (ဗီဒီယိုချက်)





TuneIn Radio Pro for iPhone/iPad

/


Iphone/Ipad/ipod တွေအသုံးပြုပြီး ကမ္ဘာ့အရပ်ရပ်က ရေဒီယို Channel တွေကိုဖမ်းယူနားဆင်နိုင်ဖို့ Tunein RadioProv3.6ကိုတင်ပေးလိုက်ပါတယ်။TuneinRadioProဟာကမ္ဘာအနှံ့အပြားကရေဒီယိုလိုင်းတွေအားလုံးကို
အဆင်ပြေပြေနဲ့ကြည်လင်ပြတ်သားဆုံးနား ထောင်နိုင်တဲ့ ရေဒီယိုipaတစ်ခုဖြစ်ပါတယ်။  Tunein Radio ဟာကမ္ဘာအနှံ့အပြားကရေဒီယိုလိုင်းတွေအားလုံးကိုမှကိုယ်ကြိုက်နှစ်သက်တဲ့အစီအစဉ်တွေကို record  ကိုယ်နားထောင်ချင်တဲ့အချိန်မှာပြန်လည်နားထောင်နိုင်ပါတယ်။ရေဒီယိုအသံလွှင့်ဌာနပေါင်း ၇၀၀၀၀ ခုမှထုတ်လွှင့်တဲ့သီချင်းတွေ၊သတင်းတွေ၊အားကစားအစီအစဉ်တွေကိုတိုက်ရိုက်နားထောင်နိုင်တဲ့အပြင်ပြပွဲတွေ၊
ရှိုးပွဲတွေအမျိုးအစား၂သန်း လောက်ကိုကြည့်ရှုခံစားနိုင်ပါတယ်။သီချင်းတွေ၊ရှိုးပွဲတွေကိုကြည့်ရှုဖို့အတွက်ခေါင်း
စဉ်တွေကိုတစ်ခုပြီးတစ်ခုswipeလုပ်ပြီးပောင်းနိုင်ပါတယ်။နောက်ထုတ်လွှင့်မယ့်သီချင်းတွေ၊အစီအစဉ်ကဏ္ဍတွေကို
မလွတ်သွားစေဖို့အတွက် ထုတ်လွှင့်မယ့်နေ့ကို ကိုယ့်ရဲ့ personal calendar ထဲမှာ မှတ်သားထားနိုင်ပါတယ်။ အကောင်းဆုံးနဲ့ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းတွေနဲ့အသံလွှင့်ဌာနတွေကို Google ကိုအသုံးပြု ပြီး share လုပ်နိုင်ပါတယ်။ BMW နဲ့ MINI ကားတွေပေါ်မှာလည်း Tunein ကို ၄င်းတို့ရဲ့ dashboard တွေကနေတိုက်ရိုက် နားထောင်နိုင်ပါတယ်။ Alarm/Clock Timer function ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ Tunein Radio Pro for Iphone/Ipad/ipod  ကိုItunes မှာ 4.99 ဒေါ်လာနဲ့ရောင်းချနေပြီး HARRIS Blog မှာတော့ free download ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

FaceBook ပေါ်ကနေ FreeCall ခေါ်မယ်

/


23

Facebook အသုံးပြုသူတိုင်းအတွက် FreeCall ခေါ်ဆိုနိုင်တဲ့ Application လေးပါ ..Application လေးရဲ့အမည်ကတော့ SAYTYA Facebook Caller လေးပါ
ဒီကောင်လေးကတော့ Android and IOS Device တွေအပါအ၀င် Window OS and MAC OS တွေပေါ်မှာပါတင်ပြီး အသုံးပြုနိုင်ပါတယ်


Phone <=> Phone
Phone <=> PC
PC     <=> PC  ….. ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်

အခြားသော VoIP Application တွေထက်ပိုပြီးသာလွန်ကောင်းမွန်တာကိုခံစားရမှာဖြစ်ပါတယ် ငိငိ :)
Viber တို့ Tango တို့လို့ Code ပြန်မရမှာလဲပူစရာမလိုတော့ဘူးလေနော့
FaceBook Account တခုရှိထားရုံ. ဒီ Application လေးသွင်းထားရုံနဲ့ အချင်းချင်း FreeCall ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်
အသံကြည်လင်ပြတ်သားမူ့လဲကောင်းလှပါတယ် :D

Androidအသုံးပြုသူများအနေနှင့် Play Store မှာ SAYTYA လို့ရိုက်ရှာလိုက်ပါ Free ရယူနိုင်ပါတယ်
For Android => SAYTYA APK

IOS အသုံးပြုသူများအနေနှင့်လဲ Apple Store မှာ Free ရယူနိုင်ပါတယ်
For IOS      => SAYTYA IPA

Window and MAC အတွက်ကတော့ ဒီလင့်ခ်မှာလဲ ဒေါင်းယူနိုင်ပါတယ် => မူရင်းလင့်ခ်
For Window => SAYTYA ExE

SATYA




 ========== Note========= 
Window အတွက် တင်မရဖြစ်နေသူများအတွက်ကတော့ Microsoft .NET Framework 4.5 မရှိသေးရင် ဒီမှာဒေါင်းယူပြီး တင်ထားပေးလိုက်ပါ

 Microsoft .NET Framework 4.5

တဆင့်ချင်းစီပြမယ်နော် တချို့မရသေးသူများအတွက်ပါ

Capture

Install ဆိုတာကိုပဲနှိပ်ပေးလိုက်ပါ ပြီးရင်တော့

Capture.PNG1

ခဏစောင့်ပေးပါ Download လုပ်ယူနေပါလိမ့်မယ် ပြီးသွားရင်တော့ SAYTYA ဆိုတဲ့ ICON လေးပေါ်နေပါလိမ့်မယ်

Capture.PNG2

မိမိအသုံးပြုနေသည့် Facebook Account Sing In ၀င်လိုက်ပါ

Capture.PNG4

အဲဒီအတိုင်း Loading တက်နေပါလိမ့်မယ် ခဏစောင့်ပေးပါ ပြီးရင်တော့
SAYTYA ထဲကိုဝင်လိုက်ပါ

Capture.PNG5

မိမိအကောင့်ထဲမှာရှိတဲ့ SAYTYA အသုံးပြုသူများကိုမြင်ရမှာပါ
Chat ဖို့အတွက်ကတော့ ဘယ်ဘက်အောက်ဘားလေးမှာရှိနေတဲ့ Settings ထဲကိုဝင်လိုက်ပါ Go Online In  Chat ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ

Furby v1.0.8 for iPhone/Pad/Pod touch

/

အခုတစ်လော Furby အရုပ်လေးတွေအရမ်းကိုခေတ်စားနေပါတယ်။ Furby ဆိုတာ ယောကျာ်းလေးရော ၊ မိန်းကလေးရော လိုချင်ကြတဲ့အရုပ်လေးပါ။ သူ့ကိုစကားပြောလို့ရသလို ၊ အစာကျွေးလို့လည်းရပါတယ်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လိုမွေးလို့ရပါတယ်။ Furby အကောင်လေးနဲ့ချိတ်ဆက်ဖို့ ၊ စကားပြောဖို့ ၊ အစာကျွေးဖို့ဆိုရင်တော့ သူနဲ့တွဲဖက်သုံးရတဲ့ iOS / Android app “Furby” ဆော့ဝဲလိုအပ်ပါတယ်။ အခုပေးမှာကတော့ iPhone/Pad/Pod touch တွေမှာအသုံးပြုဖို့ Furby ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကို i Deivces မှာသွင်းပြီး မိမိတို့ရဲ့ Furby အကောင်လေးနဲ့ ချိတ်ဆက်စကားပြောနိုင် ၊ အစာကျွေးနိုင် ၊ သီချင်းဆိုပြခိုင်းနိုင်ပြီဖြစ်ပါတယ်။ Furby အရုပ်လေးတော့ဝယ်ထားဖို့လိုတာပေါ့ ။


Furby v1.0.8 for iPhone/Pad/Pod touch ကိုအောက်က link မှာရယူနိုင်ပါတယ်။
Furby v1.0.8 for iPhone/Pad/Pod touch အားရယူရန်



FL Studio HD 2.1 ( for iphone,ipod, iPad ) – 221 MB

/


headermob
fl

Apple Store မှာ 19.99 ဒေါ်လာတန်တဲ့ Fruity Loop ဆော့ဝဲလေးပဲဖြစ်ပါတယ်
 iOS သုံးသူတွေဒေါင်းရတန်မဲ့  Music ဖန်တီးတဲ့ App တစ်ခုပါ ၊
အခုတင်ပေးလိုက်တဲ့ဗားရှင်းက HD version ဖြစ်ပြီး
iPhone အပြင် iPad တွေအတွက်ပါဖြစ်ပါတယ်


Size – 221 MB
download_button

Camera360 Ultimate V3.1.1 IPA for iPhone/ iPod/ iPad

/

ဒီapp လေးက ပုံတစ်ပုံကို  ပဉ္စလက်ဆန်ဆန် ပြောင်းလဲပေးနိုင်မယ့် camera effect and features တွေ ပါလို့ပါပဲ..ပုံတစ်ပုံကို ရယူတော့ မယ်ဆိုရင် Camera 360လေးကို အသုံးပြုခြင်းဖြင့် သင့်ကို အံ့သြမှင်သက်လောက်အောင် စွမ်းဆောင်ပေးနိုင်မယ်Camera ကာင်းလေးတစ်ခုပါ .. photography ပိုင်းနဲ့ ပတ်သတ်ရင် ပြီးပြည့်စုံလှပြီး Effect,Scenes,self shoot,normal,puzzle စသဖြင့် camera modesများစွာကို လိုသလို ပြောင်းလဲဖန်းတီးနိုင်ပြီး ဓာတ်ပုံကို ရိုက်ထုတ်ပြီးဖန်တီးနိုင်မှာဖြစ်ပါတယ်..ဒီCamera လေး က မိမိရဲ့ဓာတ်ပုံကို နှစ်လိုဖွယ် အရည်အသွေးကောင်းတဲ့ ပုံအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်၊ယခုအသစ်ထွက် ဗားရှင်းမှာ cartoon filter သုံးမျိုးပေါင်းထည့်ပေးထားပါတယ် ..

Camera360 Ulitmate ကိုအောက်က Link မှာ ရယူနိုင်ပါတယ် ..

Vintique for iphone/ipad/ipod

/

မိမိတို့ရဲ့ photo တွေကို အလန်းစာ features တွေနဲ့ edit လုပ်ပေးနိုင်မယ့်  vintique v2.2.0 for iphone/ipad/ipod  update ထွက် ရှိတာကြောင့်  တင်ပေးလိုက်ပါတယ်.. vintage filter 32 မျိုးအပြင် retro filter 25 မျိုးအပြင် Frames အမြောက်အမြား ရွေးချယ်ပြီး ပြင်ဆင်ပေးနိင်မှာ ဖြစ်ပါတယ်.. ဒါအပြင် ဓာတ်ပုံပေါ်မှာလည်း မိမိကြိုက်နှစ်သက်တဲ့ စာသားများ ရိုက်နိုင်ပြီး facebook,twitter,intragram ပေါ်မှာ share နိုင်ပါသေးတယ် ..Vintique for iphone/ipad/ipod ကို itunes မှာ 0.99ဒေါ်လာပေးဝယ် ယူသုံးစွဲရမှာဖြစ်ပြီး  Harrisnyi blog မှာ freedownlaod ရယူနိုင်ပါတယ် .အောက်က Link မှာရယူနိုင်ပါတယ်
..

SketchBook Mobile for iphone/ipad/ipod

/

iphone/iPad ပေါ်မှာ ပုံတွေ ၊ ဒီဇိုင်းတွေ အလန်းစားရေးဆွဲချင်သူတွေအတွက် ၂၀၁၃  မေလ  8  ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ SketchBook mobile  v2.8  for  iphone/ iPad/ipod  ကိုတင်ပေးလိုက်ပါတယ်။ ပုံ ၊ ဒီဇိုင်းဆွဲဖို့ Tools တွေအစုံအလင်ပါဝင်တဲ့ Professional Drawing application တစ်ခုဖြစ်ပါတယ်။ SketchBook mobile  for iphone/iPad/ipod  ကို iTunes Store မှာ ၁.၉၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး
 Harrisnyi blog မှာ freedownload ရယူနိုင်ပါတယ် …


Magic Piano for iphone/ipad

/


iphone ,ipad သမားများအတွက် အပျင်းလည်း ပြေ..ပညာလည်းရတဲ့  magic piano လေးတင်ပေးလိုက်ပါတယ် .. magic piano ဆိုတဲ့အတိုင်းတကယ့် ကို ပဉ္စလက် ဆန်တဲ့ piano  လေးပါ … ကိုယ်ကိုယ် တိုင် က piano နဲ့ပတ်သတ်ပြီး ဘာမှ သိထားစရာမလိုပါဘူး …….သူချပေးတဲ့ spot  လေးတွေ ကို သာ မှီအောင် တီးခတ်နိုင်ရင် နာဝင်ချိုတဲ့  piano သံကို ခံစားနိုင်မှာဖြစ်ပါတယ် ..သီးချင်းများစွာကို လိုက်လံတီးခတ်နိုင်မှာဖြစ်ပြီး  ကိုယ်နှစ်သက်တဲ့ သီချင်းတွေ ကိုလည်း  ကိုယ်ရဲ့  own spin နဲ့ သာယာနာပျော်ဖွယ် သံစဉ် တွေ ကို ဖန်တီးနိုင်ကာ  notes, rhythm and tempoတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ….  Pop, Rock,Classical စသဖြင့် သံစဉ်မျိုးစုံကို စမ်းသပ်တီးခတ်နိုင်မှာပါ …  magic piano for iphone /ipad ကို  HARRISNYI Blog မှာ download  ရယူနိုင်ပါတယ် …အောက်က  Link မှာ ရယူနိုင်ပါတယ် ..

Viber v3.0 for iPhone

/



iPhone တွေအတွက် ၂၀၁၃ မေလ ၇ ရက်နေ့မှာအသစ်ထွက်ရှိလာတဲ့ Viber ဆော့ဝဲ version အသစ် Viber v3.0 for iPhone ကိုတင်ပေးလိုက်ပါတယ်။ ယခု version အသစ်မှာ တစ်ဖက်လူက Viber ဆော့ဝဲကနေ ပို့လိုက်တဲ့ဓာတ်ပုံများကိုကြည့်ရှုရာမှာပိုမိုမြန်ဆန်လာခြင်း ၊ အသံပိုမိုကြည်လင်မှုရှိလာခြင်း ၊ Viber ဆော့ဝဲကိုအသုံးပြု၍ ဓာတ်ပုံသာမက ဗီဒီယိုဖိုင်များပါ Share/Send လို့ရလာခြင်း ၊ Viber ဆော့ဝဲတွင် မိမိ Online ဖြစ်နေ မနေကိုတစ်ဖက် Viber ဆော့ဝဲအသုံးပြုသူမှသိရှိနိုင်ခြင်း စတဲ့ features အသစ်များထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။


Viber 3.0 for iPhone ကိုအောက်က link မှာရယူပါ။
Viber v3.0 for iPhone အားရယူရန် (Jailbreak လုပ်ပြီး iPhone များအတွက်)
(Download Site ထဲရောက်သွားရင် “382617920-15142472-Viber Free Phone Calls Tex…ipa 18.4MB” ဆိုတဲ့စာသားကိုနှိပ်၍ Download လုပ်ပါ။


Good Reader for iPhone/iPod/iPad

/


icon

GoodReader ဆိုတာကတော့ ebooks ဖတ်တဲ့ application တစ်ခုပါ။ iBooks ထက်အများကြီးကောင်းပါတယ်။ iPad မှာ စာအုပ်ဖတ်မယ်ဆိုရင်တော့ သင့်တော်ပါတယ် iPhone ကတော့နဂိုတည်းက သေးတဲ့အတွက် မသင့်တော်ပါဘူး။ iBooks ထက်သာတဲ့ အချက်ကတော့ သူ့မှာပါတဲ့ Features တွေပါပဲ။

1. Good Reader မှာ စာဖတ်နေရင်း highlight လုပ်တာတို့ မှတ်ထားတာတို့ အကုန်လုပ်လို့ရပါတယ်။
2. Remote Servers များနှင့် sync လုပ်နိုင်ခြင်း
3. PDF နဲ့ txt သာမက Microsoft Office Word files (.doc) (.xls), html စတဲ့ file များပါဖတ်ပါတယ်။
4. Good Reader ထဲက ebooks တွေကို လည်း email attachment နဲ့ပို့လို့ရတဲ့ အတွက် sharing အတွက်လည်း အဆင်ပြေပါတယ်။
5. Images တွေကို လည်း high resolution နဲ့ကြည့်လို့ရတဲ့အတွက် designer တွေအတွက် အဆင်ပြေပါတယ်။ zoom ကလည်းကောင်းမွန်တာကို တွေ့ရပါတယ်။
6. Search Feature လဲပါဝင်တာကြောင့် ကိုယ်ဖတ်နေတဲ့ စာအုပ်က စာလုံးတွေကို အလွယ်တစ်ကူရှာနိုင်ပါတယ်။
အပေါ်က ၆ ချက်ကတော့ အဓိက features တွေပါ ကျန်တာတွေကတော့ အများကြီးရှိသေးပါတယ်။ iOS အတွက် အကောင်းဆုံး ebook reader software လို့တောင်ပြောလို့ရတဲ့ အတွက် ebook ဖတ်တဲ့သူတွေ သုံးကြည့်စေချင်ပါတယ်။
iTunes Store ကဝယ်ချင်တယ်ဆိုရင်တော့…

iPhone အတွက်
iPad အတွက်

Cracked

iPhone အတွက်
iPad အတွက်
iPhone Screenshots
iPhone2iPhone1



iPad Screenshots
iPad1iPad2