Popular

Template Information

Welcome To Sora Films

သင့် Computer ကိုအန္တရာယ်ပေးနိုင်ခြေများတဲ့ File extension များ

File Extension တစ်ခုတည်း ကိုပဲသတိထားရမှာ မဟုတ်ပါဘူး။တစ်ခြား
အန္တရာယ်ရှိနိုင် ခြေများတဲ့ file extension များရှိသေးပါတယ်။ကဲဘယ် Extension တွေလည်းကြည့်ရအောင်။                                 




ဘာဖြစ်လို့ ဒီ File extension တွေက အန္တရာယ်ရှိ ရတာလဲ?

ဘာကြောင့် ဒီ File extension တွေက အန္တရာယ်ရှိရတာလဲ ဆိုရင် သူတို့မှာ Code တွေပါလို့ (သို့) လိုသလို ခိုင်းစေနိုင်တဲ့ command တွေပါလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ့ code တွေဟာ Virus code တွေလည်းဖြစ်နိုင်ပါတယ်။.exe file တစ်ခုဟာ ဘာဖြစ်လို့ ပိုပြီးသတိထားရလည်းဆိုရင် သူတို့ဟာ
program တွေဖြစ်ပါတယ်။အဲ့ဒီ့ program တွေဟာ သင့်ရဲ့ Windows PC ကိုဘာမဆိုလုပ်နိုင်ပါတယ်။
Media file တွေဖြစ်တဲ့ JPEG images နဲ့ .MP3 music File တွေဟာ code တွေမပါတဲ့အတွက် ကြောင့်
အန္တရာယ်မရှိဘာဘူး။(တစ်ချို့ ဖြစ်ရပ်တွေမှာ image file တွေနဲ့ တစ်ခြား media file တွေကိုသုံးပြီး
သင့် PC ရဲ့ အားနည်းချက်နေရာ ကနေ virus တွေဝင်ရောက်နိုင် ပါတယ်။ဒါပေမယ့် ဒီလိုမျိုး ဖြစ်တာ တော်တော်လေးကို ရှားပါတယ်။)

ဒါပေမယ့် မှတ်ထားဖို့က ဘယ်ဖိုင် အမျိုးအစားတွေမှာ Code တွေ Script တွေ နဲ့ တစ်ခြား အန္တရာယ်ရှိတဲ့
အရာတွေပါနိုင်တယ်ဆိုတာကို မှတ်ထားဖို့ အလွန်အရေးကြီးပါတယ်။

Program များ

.EXE - Executable Program file တစ်ခုဖြစ်ပါတယ်။Windows တွေမှာ Run တဲ့ Application
တော်တော်များများ .exe file များဖြစ်ပါတယ်။

.PIF - MS-DOS program တွေအတွက် program အချက်အလက် File တစ်ခုဖြစ်ပါတယ်။.PIF file မှာ
executable code မပါဘူးလို့ ယူဆလို့မရဘူး။Windows က သူ့ကို .exe file လိုပဲ သတ်မှတ်ပါတယ်။

.APPLICATION - Microsoft ရဲ့ ClickOne နည်းပညာ နဲ့ အတူ application installer တစ်ခု။

.GADGET - Windows desktop gadget နည်းပညာ အတွက် Microsoft က Windows Vista မှာ စတင်
မိတ်ဆက်ခဲ့ တဲ့ Gadget File အမျိုးအစား တစ်ခု။

.MSI - Microsoft installer file တစ်ခုဖြစ်ပါတယ်။ဒီ File အမျိုးအစား ဟာ သင့်ရဲ့ PC မှာတစ်ခြား Application တွေကိုသွင်းပေးနိုင်တဲ့ အပြင် .exe file တွေနေနဲ့ လည်း Install လုပ်ပေးနိုင်ပါတယ်။

.MSP - Windows installer patch file တစ်ခုဖြစ်ပါတယ်။Application များကို .MSI file နဲ့ Deploy လုပ်ပြီး Patch လုပ်ပေးနိုင်ပါတယ်။

.COM - MS-DOS ကသုံးတဲ့ original file အမျိုးအစားဖြစ်ပါတယ်။

.SCR - Microsoft ရဲ့ Windows မှာသုံးတဲ့ Windows screen saver တစ်ခုဖြစ်ပါတယ်။ဒီ file အမျိုးအစားမှာ executable code များပါဝင်နိုင်ပါတယ်။

.CPL - Control Panel file တစ်ခုဖြစ်ပါတယ်။ Control Panel ထဲမှာရှိတဲ့ Utility အကုန်လုံး .CPL File များဖြစ်ပါတယ်။

.MSC - Microsoft Management Console file တစ်ခုဖြစ်ပါတယ်။Group policy editor နဲ့ disk management tool တွေဟာ .MSC File အမျိုးအစား Application များဖြစ်ပါတယ်။

.Jar - .Jar တွေမှာ executable Java code များပါဝင်ပါတယ်။တကယ်လို့ Java Run Time ကို သင့်ရဲ့ PC မှာ သွင်းထားတယ်ဆိုရင် .Jar file တွေဟာ Program အဖြစ် Run ပါတယ်။


Script များ

.BAT - Batch ဖိုင်တစ်ခုဖြစ်ပါတယ်။သူ့ထဲ မှာ command စာရင်းတွေ ပါဝင်ပါတယ်။သူ့ကို ဖွင့်လိုက်မယ်
ဆိုရင် သင့်ရဲ့ PC မှာ Run နေပါလိမ့်မယ်။မူလအားဖြင့်  MS-DOS ကအသုံးပြုပါတယ်။

.CMD - Batch ဖိုင်တစ်ခုဖြစ်ပါတယ်။သူလည်း .Bat ဖိုင်နဲ့ အတူတူပါပဲ။ဒီ File Extension ကို Windows NT မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

.VB, .VBS - VBscript ဖိုင်တစ်ခုဖြစ်ပါတယ်။ VBScript code တွေပါဝင်တဲ့ အတွက်ကြောင့် သူ့ကို Run လိုက်မယ်ဆိုရင် execute လုပ်ပါလိမ့်မယ်။

.VBE - encrypt လုပ်ထားတဲ့  VBScript ဖိုင်တစ်ခုဖြစ်ပါတယ်။VBScript file တွေနဲ့ အတူတူပဲ။ဒီ File ကို
Run လိုက်ရင် ဘာဖြစ်နိုင်တယ်ဆိုတာကို လွယ်လွယ်နဲ့ပြောပြဖို့ မလွယ်ပါဘူး။

.JS - Java Script file တစ်ခုဖြစ်ပါတယ်။.JS file တွေဟာသာမန်အားဖြင့် Webpage တွေမှာ အသုံးပြုကြပါတယ်။ဒါပေမယ့် Windows က .JS file တွေကို အပြင်ကနေလည်း Run နိုင်ပါတယ်။

.JSE - Encrypt လုပ်ထားတဲ့ JavaScript file တစ်ခုဖြစ်ပါတယ်။

.WS, .WSF - Windows Script ဖိုင်တစ်ခုဖြစ်ပါတယ်။

.WSC, .WSH - Windows Script Component နဲ့ Windows Script Host control File များဖြစ်ပါတယ်။
Windows Script ဖိုင်တွေနဲ့ တွဲပြီး အသုံးပြုပါတယ်။

.PS1, .PS1XML, .PS2, .PS2XML, .PSC1, .PSC2 -  Windows PowerShell Script file တစ်ခုဖြစ်ပါတယ်။

.MSH, .MSH1, .MSH2, .MSHXML, .MSH1XML, .MSH2XML - Monad script file တစ်ခုဖြစ်ပါတယ်။Monad ဟာ PowerShell ကို နောက်ပိုင်း နာမည်ပြောင်းပေးထားခြင်းဖြစ်ပါတယ်။

Shortcut များ

.SCF -Windows Explorer command ဖိုင်တစ်ခုဖြစ်ပါတယ်။အန္တရာယ်ရှိနိုင် များတဲ့ အရာတွေ Windows Explorer ကနေဖြတ်ဝင်လာနိုင်ပါတယ်။

.LNK - သင့်ရဲ့ Computer မှာရှိတဲ့ program တစ်ခုရဲ့ Link တစ်ခုဖြစ်ပါတယ်။command-line attribute တွေပါဝင်လို့ Link ဖိုင်တွေဟာလည်း အန္တရာယ်ရှိနိုင်ပါတယ်။(ဥပမာ - သင့်ရဲ့ File တွေကို မမေးပဲ ဖျက်ပစ်ခြင်း)

.INF - AutoRun ကသုံးတဲ့ Text ဖိုင်တစ်ခုဖြစ်ပါတယ်။Auto ကိုတော့ လူတိုင်းနီးပါး သိကြပါတယ်။သူ့ ကို
Run လိုက်မယ်ဆိုရင် အန္တရာယ် ပေးနိုင်တဲ့ Application များပါဝင်နိုင်ပါတယ်။

တစ်ခြား Extension များ
.REG - Windows registry file တစ်ခုဖြစ်ပါတယ်။.Reg file ထဲမှာ Registry စာရင်းများပါဝင်တယ်။အဲ့ဒီ့ ဟာကို Run လိုက်ရင် Registry တွေကို Add လုပ်နိုင်သလို Remove လည်းလုပ်နိုင်ပါတယ်။.Reg ဖိုင်တွေဟာ သင့်ရဲ့ Registry ထဲက အရေးကြီးတဲ့ အချက်အလက်တွေကို Remove လုပ်နိုင်သလို Junk file data တွေနဲ့  အစားထိုးနိုင်ပါတယ် (သို့) malicious data ကိုထည့်နိုင်ပါတယ်။

Office Macro များ

.DOC, .XLS, .PPT -  Microsoft Word, Excel, နဲ့ PowerPoint document များဖြစ်ပါတယ်။ဒီ File တွေထဲမှာ malicious macro code များပါနိုင်ပါတယ်။

.DOCM, .DOTM, .XLSM, .XLTM, .XLAM, .PPTM, .POTM, .PPAM, .PPSM, .SLDM -  Office 2007 မှာ စတင်မိတ်ဆက်ပေးခဲ့ တဲ့ File extension အသစ်များဖြစ်ပါတယ်။
ဖိုင် extension တွေရဲ့ နောက်ဆုံး မှာ M တွေနဲ့ အဆုံးသတ်ပါတယ်။အဲ့ဒီ documents ဖိုင်တွေထဲမှာ Macro ပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။(ဥပမာ -.DOCX မှာ Macro မပါဘူးလို့ယူဆနိုင်ပြီး .DOCM
မှာ Macro ပါနိုင်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။

ဟုတ်ကဲ့ အပေါ်မှာ ပြထားတဲ့ စာရင်းတွေဟာ ပြည့်စုံစေ့စပ်တယ်လို့ မဆိုနိုင်သေးပါဘူး။ .PDF လို File extension တွေအများကြီးကျန်ပါသေးတယ်။သူ့တို့မှာ လည်း Security Problem တွေရှိပါတယ်။ဒါပေမယ့်
အခု အပေါ်မှာ ဖော်ပြထားတဲ့ File extension တွေဟာ သင့်ရဲ့ Computer ကို အန္တရာယ်ပေးနိုင်ခြေများတဲ့ File extension များဖြစ်ပါတယ်

Share This: