Popular

Template Information

Welcome To Sora Films

Browsing "Older Posts"

Browsing Category "Zawgyi"

Jelly Beam Theme With Fonts ( Root မလိုဘဲမြန်မာစာထည့်နည်း )

/
          ကဲ ဒီတခါတော့ ကျွန်တော် တင်ပေးမှာကတော အခုနောက်ပိုင်းလာသော Huawei Jelly Beam တွေမှာ မြန်မာစာဖောင့်အတွက်က root မလိုဘဲ theme ဖိုင်ကနေ မြန်မာလိုပေါ်အောင် လုပ်လို့ရလာပါတယ်။

ကျွန်တော်တင်ပေးတဲ့ ဖိုင်ကိုဒေါင်းလိုက်ပါခင်ဗျာ။

                        >>>>>>Download Here<<<<<<

password- rainbow

zip ကိုဖြည်ပြီး usb debugging ဖွင့်ပြီးကြိုးထိုးလိုက်ပါခင်ဗျာ။ ပြီးရင် mytools.bat ကို run လိုက်ပါ ။ theme & keyboard ကို သွင်းပေးပါလိမ့်မယ်ခင်ဗျာ။ ပြီးရင်တော့ ပုံလေးတွေကြည့်ကာ font change ပေးလိုက်ပါ ။







restart ကျပြီးပြန်တက်လာရင် frozen keyboard pro ချိန်းကာ ရိုက်လို့ရပါပြီခင်ဗျာ.............

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေသူများအတွက် Theme With Myanmar Fonts ( Root မလို )

/

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်..  ပေးထားတဲ့လင့်က ဖိုင်ကိုဒေါင်းပြီးဖြည်လိုက်.. ရလာတဲ့ MyanmarFontTheme.hwt ဆိုတဲ့ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်လာပါတယ်.. အဲဒီ Theme ကို Apply လုပ်ပြီး Theme With Font ဆိုတာကိုရွေးပေးလိုက်ပါ... ဒါဆိုရင်မြန်မာ font ကိုသုံးလို့ရပါပြီ...

Download : 7.87 MB

How to Install Myanmar Font On Samsung Galaxy S4-i9500 & i9505-(Without Rooting)

/
Samsung Galaxy S4 ကိုRooting မလုပ်ပဲ မြန်မာလိုမြင်ရပြီးအသုံးပြုနိုင်အောင်လုပ်နည်းလေးပါ။တခုတော့ရှိပါတယ်ခင်ဗျ။Facebook Wall,Timeline and Notification ,Tango and Viber စတာ တွေမှာမြင်ရနိုင်ပြီးတော့ Browser တွေမှာတော့  မြန်မာလိုမမြင်ရသေးပါဘူးခင်ဗျ။
975355_530292567013171_1307516704_n975026_530292577013170_1799304444_n
972892_530292563679838_391050473_n962099_530297337012694_988378154_n
အဆင့် (၁) Zawgyi-One Flipfont ကို install လုပ်လိုက်ပါ.
အဆင့် (၂) iFont ကို install လုပ်လိုက်ပါ.
အဆင့် (၃) Frozen Keyboard Pro ကိုလဲ install လုပ်လိုက်ပါ.
  အားလုံးကိုသွင်းပြီးသွားပြီဆိုရင်တော့ နောက်တဆင့်စပါမယ်။
For S4-i9505
============
Setting> My device > display> font style မှာ အောက်ဆုံးက samsung sans ဆိုတာကိုနှိပ်ပေးပါ ။
S4- i 9505 မှာအပေါ်ကမြန်မာဖောင့်Flipfont ထဲမှာပါဝင်တဲ့-(Myanmar+ xxxx?) Font style ၈မျိုးကိုinstall လုပ်မရပါဘူးး..
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။
Setting–>>My device–>> Language and input–>>Frozen keyboard Pro ကိုအမှန်ခြစ်ပေးလိုက်ပြီး Default keyboard—>>Frozen Keyboard Pro  ကိုရွေးပေးထားပါ။
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။
Ifont  ကိုဖွင့်ပါ အပေါ်အတန်းမှာ install ဆိုတာရှိပါတယ် နှိပ်လိုက်ပါ။
မိမိကြိုက်နှစ်သက်ရာ-Myanmar font Style,E.g-(Myanmar+iphone) ကိုရွေးပါ။
Install လုပ်လိုက်ပါ set ဆိုတာကိုဆက်နှိပ်ပါ
Ok ထပ်နှိပ်လိုက်ပီး restart လုပ်ခိုင်းရင် power ကိုခဏဖိလိုက်ပါ အထဲက Restart ဆိုတာလေးကိုရွေးပေးလိုက်ပါ
power ပြန်တက်လာတဲ့အခါ facebook , Tango and Viber စာရိုက်ကြည့်လိုက်ပါ မြန်မာလိုမြင်ရပါပြီခင်ဗျား။
==============================================================
For S4-i9500
=============
Setting> My device > display> font style မှာ Flipfont ထဲမှာပါဝင်တဲ့ (Myanmar+ xxx?) ၈ မျိုးထဲကမိမိကြိုက်နှစ်သက်ရာ
Font Style ကိုရွေးပေးလိုက်ပါ။
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။
Setting–>>My device–>> Language and input–>>Frozen keyboard Pro ကိုအမှန်ခြစ်ပေးလိုက်ပြီး Default keyboard—>>Frozen Keyboard Pro  ကိုရွေးပေးထားပါ။
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။
Ifont ကိုဖွင့်ပါ အပေါ်အတန်းမှာ install ဆိုတာရှိပါတယ် နှိပ်လိုက်ပါ။
မိမိကြိုက်နှစ်သက်ရာ-Myanmar font Style, E.g-(Myanmar+iphone) ကိုရွေးပါ။
Install လုပ်လိုက်ပါ set ဆိုတာကိုဆက်နှိပ်ပါ
Ok ထပ်နှိပ်လိုက်ပီး restart လုပ်ခိုင်းရင် power ကိုခဏဖိလိုက်ပါ အထဲက Restart ဆိုတာလေးကိုရွေးပေးလိုက်ပါ
power ပြန်တက်လာတဲ့အခါ facebook ,Tango and Viber စာရိုက်ကြည့်လိုက်ပါမြန်မာလိုမြင်ရပါပြီခင်ဗျား။
===============@@@@@===============
လိုအပ်သောဖိုင်များကိုအောက်မှာဒေါင်းလော့ရယူနိုင်ပါသည်။
=================================
(1) ifont—-–>>> DWONLOAD
(2)–frozen keyboard pro.0.5.2 –>>> DOWNLOAD
(3)–zawgyi flip font–>>> DOWNLOAD

Facebook pages and groups တွေထဲမှာမြန်မာလိုမြင်ရနိုင်တဲ့Friendcaster pro for facebook  ကိုလည်းထဲ့သွင်းပြီးစမ်းသုံးလိုက်ကြပါ။
Friendcaster pro for facebook—>> DOWNLOAD

Bagan Keyboard for Android

/

Bagan Keyboard
Bagan Keyboard

Bagan Keyboard
(Version Updated: Beta 0.9.3)
Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။
Bagan Keyboard Beta (Zawgyi+English) အားရယူရန်

Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။
၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။
၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။
၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။
၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။
၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား uninstall လုပ်ခြင်း၊ version upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။
၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။
၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။
၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။
၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။
***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်း တို့ကိုအဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့် အသုံးနည်းသော ပါဠိစကားလုံးများနှင့် ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင် ခေတ္တချန်ထားပါသည်။
***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင် မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version အသစ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား ဘာသာစကားများအတွက် ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။။
Bagan Keyboard Beata (Zawgyi + English) ကိုအောက်က Link မှာရယူနိုင်ပါတယ်။

Bagan Keyboard Beta (Zawgyi+English) အားရယူရန်

device-2013-03-05-130613 device-2013-03-05-131259 device-2013-03-05-132021 device-2013-03-05-132827

Fontchanger ကိုသုံးပြီး မူရင်း တရုတ်ဖောင့် မပျောက်အောင် မြန်မာဖောင့်ထည့်နည်း

/

ဖုန်းတွေကို root လုပ်ပြီး မြန်မာဖောင့်ထည့်တဲ့ခါ အများအားဖြင့် ဖုန်း၇ဲ့
မူ၇င်း System original dotsanfallbat.ttf ဖြုတ်ပြီး
မြန်မာဖောင့်တွက်ပြန်ပြီး ပြင်ထားသော dotasanfallbat.ttf ကိုချိန်းပြီး ထည့်ကြတာတွေများပါတယ်။
မြန်မာဖာင့်တွက် အဆင်ပြေသွားပြီး မူရင်းတရုတ်ဖာင့်ပါ တစ်လှည့်စီပြောင်းပြောင်းပြီး တွဲသုံးတဲသူတွေတွက် အဆင်မပြေတာလေးတွေရှိပါတယ်။
ဘာလို့လဲဆိုတော့ တရုတ်ဖောင့်အလုပ်မလုပ်တော့ပါဘူး
Flashtype application ကိုလဲသုံးပြီး ကိုယ်ကြိုက်နှစ်သက်သလို တရုတ်ဖောင့်တမျိုး ၊ မြန်မာဖာင့်တမျိုး တစ်လှည့်စီပြောင်းပြောင်းပြီး သုံးလို့ရပါတယ်။
အခုပြောမဲ့နည်းလမ်းက fontchanger application ကိုသုံးပြီး
ကိုယ်ကြိုက်နှစ်သက်သလို တရုတ်ဖောင့်တမျိုး ၊ မြန်မာဖာင့်တမျိုး တစ်လှည့်စီပြောင်းပြောင်းပြီး သုံးလို့ရတဲ့နည်းလမ်းလေးပါ
*ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ်
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ

Easy Zawgyi Installer for Android (via Windows, OS X, Linux, CWM)

/


root လုပ်ထားတဲ့ဖုန်းတွေကို ကွန်ပျူတာကနေလှမ်းပြီး မြန်မာဖောင့် (ဇော်ဂျီဖောင့်) ထည့်ချင်သူတွေအတွက်ပါ။ ကွန်ပျူတာကနေအလွယ်ဆုံး မြန်မာဖောင့်ထည့်နိုင်မယ့် One Click tool အနေနဲ့ရေးသားထားတာဖြစ်ပါတယ်။ Root လုပ်ထားတဲ့ Android ဖုန်းမှန်သမျှကို ဒီ Tool လေးအသုံးပြုပြီး မြန်မာဖောင့်ထည့်နိုင်ပါတယ်။ ဖုန်းထဲမှာမူရင်းပါဝင်တဲ့တရုတ်ဖောင့်မပျောက်အောင်လည်းပြုလုပ်ထားပါတယ်။ ရေးသူကတော့ ကိုအောင်သီဟပါ။ Window , Linux , Mac OSX version သုံးမျိုးအတွက်ရေးသားထုတ်လုပ်ပေးထားပါတယ်။ အောက်က link မှာ မိမိတို့ကွန်ပျူတာနဲ့ကိုက်မယ့် version ကိုရွေးချယ်ရယူနိုင်ပါတယ်။ frozen keyboard ကိုပါ system app အနေနဲ့သွင်းပေးမှာဖြစ်ပါတယ်… reboot တခေါက်ကျပြီးပြန်တက်လာတာနဲ့ အားလုံးအိုကေပါ..
From Windows

http://www.mediafire.com/?cw29y7dldh4qv26

From Linux

Download Link: http://www.mediafire.com/?5rc8pxp70v8vzz8

Requirements : Linux မှာဆိုရင်တော့ ဒီ tool လေးနဲ့တွဲသုံးဖို့ ADB နဲ့ fastboot ကို linux မှာအရင်သွင်းထားရပါမယ်။ သွင်းပုံသွင်းနည်းကတော့
sudo add-apt-repository ppa:nilarimogard/webupd8

sudo apt-get update

sudo apt-get install android-tools-adb android-tools-fastboot
From OS X
Download Link: http://www.mediafire.com/?9ax0hdp279ggo0a
(unzip the zip file -> open terminal -> drag and drop ZawgyiInstaller.sh -> press enter)
Requirement – Mac မှာဆိုရင်တော့ ဒီ tool နဲ့တွဲသုံးဖို့ ADB နဲ့ Fastboot လိုအပ်ပါတယ်။ ADB installလုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။
ပထမဦးဆုံးဒီကောင်ကိုဒေါင်းပါ… pass : aungthiha
http://www.sendspace.com/file/ejwmol

ရလာတဲ့ zip ကိုဖြည်ပြီး desktop ပေါ်မှာ ထားပါ…
အဲဒီ ဖြည်လို့ရလာတဲ့ android folder မှတင်ဆင့် tools ထဲရှိ android ကို double tap
အပေါ်ဆုံးက Tools ကိုအမှန်ခြစ်ပေးပြီး ညာဘက်အောက်ထောင့် install 2 packages
download ဆွဲပါလိမ့်မယ် စောင့်ပါ…
ပြီးရင် android sdk manager ကိုပိတ်လိုက်ပါ

android/platform-tools ထဲက အမည်းရောင် adb နဲ့ fastboot ကို android/ ထဲကို copy ကူးခဲ့လိုက်ပါ…
usb debugging on ပြီး ဖုန်းချိတ်လိုက်ပါ
command လေးတွေစမ်းကြည့်ရအောင် terminal ကိုဖွင့်ပြီး ခုန folder ဆီသို့သွားရအောင်

cd /Users/(yourusername)/Desktop/android

မှားဝင်မိလို့ပြန်ထွက်ချင်ရင် cd .. ပါ
ပြန်ထွက်တာ ကို အတိအကျပြောပေးရရင် cd ပြီး၇င် space ပြီးရင် .(dot) နှခုပါ

android က OS X မှာ တက်မတက် စမ်းကြည့်ရအောင်
./adb devices
ပုံပါအတိုင်းတက်ရပါမည်..

adb လို့မရိုက်ရပဲ ./adb ရိုက်ရတာ သိပ်တော့ အဆင်မပြေလှဖူးဗျ…
adb လို့ပဲရိုက်ရအောင် ပြင်မယ်ဗျာ…
nano ~/.bash_profile


အဲ command ရိုက်လိုက်ပါ…
blank ကျလာပါလိမ့်မယ် ( ကိုယ်ဘာမှ မထည့်ရသေးဘူးဆိုရင်ပေါ့ )
export PATH=${PATH}:/Users/(yourusername)/Desktop/android


ဒီပုံထဲက ဟာတွေက ထည့်ထားပြီးသားတွေရှိနေလို့…
အများစုကတော့ select ပေးထားတဲ့တကြောင်းပဲလိုမှာပါ…
ctrl+y to exit, y to confirm, and press return
Terminal ကို command+q နှိပ်ပြီး quit လိုက်ပါ
ပြီးရင် terminal ပြန်ဖွင့်မည်

ဒါဆို ./adb လို့ရိုက်စရာမလိုတော့ပါဘူး..
adb လို့သာရိုက်ရုံပါပဲ

adb devices ရိုက်ပြီး ရမရစမ်းကြည့်ပေါ့…

Zawgyi Installer 4 Rooted Android ( .exe file )

/


Capture
Features:

မြန်မာ font နှင့် frozen keyboard ကို အလွယ်တကူနဲ့ အလျှင်မြန်ဆုံးသွင်းနိုင်မှာဖြစ်ပါတယ်…
Frozen Keyboard အဟောင်းကို system app အဖြစ်သွင်းပေးမှာဖြစ်ပါတယ်….
Frozen Keyboard Pro 0.4.4 ကိုလည်း install လုပ်ပေးမှာဖြစ်ပါတယ်…
Xperia တွေအတွက်လည်း “ျ” အပေါ်မတက်ပါဘူး…
ဆြာဖြိုးညီညီရဲ့ “ျ” များအပေါ်မတက်ရ ကို ယူသုံးထားပါတယ်…
တရုတ်စာလည်း မပျောက်ပါဖူး…

Requirements:

root လုပ်ထားပီးသား ဖုန်းဖြစ်ဖို့လိုပါမယ်…
How To Use:
မိမိ android ဖုန်းမှ setting -> developer option -> usb debugging ကို on ပီး computer နဲချိတ်ပါ…
ZawgyiInstaller.exe ကို double-click…
မိမိဖုန်းက XPERIA ဆိုလျှင် XPERIA ကိုနှိပ်ပါ…
XPERIA မဟုတ်လျှင် NORMAL ကိုပဲနှိပ်ပါ…
ခနစောင့်ပါ… ဖုန်း restart ကျပြီး ပြန်တက်ရင် မြန်မာစာ font နဲ့ frozen keyboard သွင်းပီးသွားပါပီ…

Download Link:
http://www.mediafire.com/?l59rysxnfsab9w3

Frozen Keyboard Pro v0.5.1 for Android

/




Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ မေ ၂ ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.5.1 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.5.1 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.5.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Here:
Mirror link: k”>Frozen Keyboard Pro v0.5.1 for Android အားရယူရန်