Popular

Template Information

Welcome To Sora Films

VMware ပေါ်မှာ Windows 8 ကို Install လုပ်နည်း


ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို VMware ပေါ်မှာ ဘယ်လို Install လုပ်လို့ရလဲ ဆိုတဲ့ အကြောင်း ကိုပြောပြမှာ ဖြစ်ပါတယ်။
ဒီနည်း အတွက် ကျွန်တော်တို့ VMware Workstation 9 ကို အသုံးပြုထားပါတယ်။
ကဲ ကြည့်ရအောင်။ဒီနည်းကို အသုံးပြုဖို့ Windows 8 ကို IOS Format ပြောင်းပြီးသား ရှိပါမယ်။နောက်ပြီး VMware သွင်းပြီးသား လည်းဖြစ်နေရပါမယ်။



VMware ပေါ်မှာ Windows 8 ကို Install လုပ်နည်း

Step# 1 VMware Workstation program ကို Run ပါ။ပြီးရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း Home tab
             မှာ ရှိတဲ့ “Create a New Virtual Machine" ကိုနှိပ်ပါ။


Step# 2 ပြီးရင် အောင်ပုံမှာ ပြထားတဲ့ အတိုင်း သင့် Windows 8 ISO file ရှိတဲ့နေရာကိုရွေးပေးပါ။

Step# 4 အောက်ပုံမှာ ပြထားတဲ့အတိုင်း သင်သွင်းမယ့် Operating system ကိုရွေးပေးပါ။Microsoft   ကိုရွေးပြီး Drop Down Menu ကနေ Windows 8 ကိုရွေးပေးပါ။

Step# 5  Virtual machine name နေရာမှာ သင်ကြိုက်တဲ့ နာမည်ကို ပေးပြီး virtual machine သွင်းဖို့
             နေရာကို ရွေးပေးပါ။

Step# 6 Next နှိပ်ပြီးတဲ့နောက်  hard disk size ကိုသင် ကြိုက်သလို ရွေးပေးပါ။


Step# 7 ဒီတစ်ခါ သင့်ကို Windows 8 ကို Run တဲ့ အခါ RAM Memory ဘယ်လောက်သုံးမှာလည်းဆို
            တာကို ရွေးပေးရပါလိမ့်မယ်။သူ့ Default အတိုင်းပဲထားတာ ကောင်းပါလိမ့်မယ်။တကယ်လိုသင်
            ဟာ RAM Memory ကို နည်းနည်းပဲရွေးထားမယ်ဆိုရင် Windows 8 ကိုရွေးတဲ့အခါ နှေးနေပါ
            လိမ့်မယ်။

Step# 8  အောက်မှာ ပြထားတဲ့ အတိုင်း summary screen မြင်ပါလိမ့်မယ်။Finish ကိုနှိပ်ပေးပါ။

Step# 9 ကဲ Windows 8 ကိုသွင်းဖို့ VMware Main Screen ရဲ့ ဘယ်ဘက်မှာ ရှိတဲ့ “Power on this virtual machine” ကိုနှိပ်ပြီး Windows 8 ကို Install လုပ်နည်း အတိုင်းလုပ်သွားပါ။

Share This: