Popular

Template Information

Welcome To Sora Films

Browsing "Older Posts"

Windows 8 မှာ Safe Mode မှ Boot တတ်နည်း

/



PC တွေကို Software ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့ အခါမှာ လုပ်လေ့လုပ်ထရှိတဲ့ အချက်တစ်ခုက
Safe mode ကနေ Boot တတ်ပြီး ပြဿနာ တွေကိုဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ Safe Mode ကနေ Boot ဘယ်လိုတတ်မလဲ? အရင် Windows တွေတုံးကဆိုရင် F8 ကိုနှိပ် Safe Mode ကိုရွေးပြီး Boot တတ်လို့ရပေမယ့် အခု Windows 8 မှာ Safe Mode အစား Automatic Repair mode
ဆိုပြီး ထည့်ပေးထားပါတယ်။တကယ်လို့ Safe Mode ကိုလိုလာပြီဆိုရင်ဘယ်လိုလုပ်မလဲ?
Microsoft က Safe Mode ကိုသုံးလို့မရအောင်လုပ်ထားတာလာ ဆိုတော့မဟုတ်ဘူး။Safe Mode ကို
Access လုပ်လို့ရသေးတယ်။သူ့ကို Recovery Option ထဲမှာ ဖွက်ထားတာဖြစ်ပါတယ်။Windows 8 မှာ
F8 ကိုနှိပ်ပြီး ၀င်မယ်ဆိုရင် သိတဲ့အတိုင်း Automatic Recovery Mode ထဲကိုရောက်သွားပါလိမ့်မယ်။
ဒါပေမယ့် Shift+F8 ကိုနှိပ်ပြီး recovery option တွေကို manually access လုပ်နိုင်ပါတယ်။


Windows 8 မှာ Safe Mode မှ Boot တတ်ခြင်း။

Safe Mode ကနေ Boot တတ်ဖို့ Shift ကိုနှိပ်ပြီး F8 ကိုနှိပ်ပါ။အဲ့လို နှိပ်လိုက်တဲ့အခါမှာ တစ်ခါတစ်လေကြရင် Advanced Recovery Mode ထဲရောင်သွားတတ်ပါတယ်။အဲ့ဒီအခါ ကြရင် see advanced repair options ကိုနှိပ်လိုက်ပါ။


ပြီးရင် Troubleshoot ဆိုတဲ့ option ကိုရွေးပါ။

Advanced Options ဆိုတာကို Click ပါ။

ဒီ အဆင့်မှာ Windows Startup Settings ဆိုတဲ့ Option ကိုရွေးပါ။

နောင်ဆုံးအဆင့် Restart ကိုနှိပ်လိုက်ပါ။

ကဲ PC က Boot ပြန်တတ်လာတဲ့ အခါမှာ ကြည့်ကြည့်လိုက် သင်တွေ့နေကြဖြစ်တဲ့ Advanced Boot Options Menu ကိုမြင်ရပါလိမ့်မယ်။

ဒါက Boot တတ်တဲ့ အခါမှာ လုပ်လို့ရတဲ့ Boot တတ်နည်းဖြစ်ပါတယ်။အခုနောက်တစ်ခု ကျွန်တော်တို့ ပြောပြမှာ က Run နေတဲ့ Windows 8 ထဲကနေပြီး Safe Mode ထဲဝင်လို့ရအောင် လုပ်တဲ့နည်းကို ပြောပြမှာ ဖြစ်ပါတယ်။

Run နေတဲ့ Windows 8 ထဲကနေပြီး Safe Mode ၀င်နည်း။

သင့်မှာ Safe Mode ထဲဝင်ဖို့ နောက်ထက် တစ်နည်း ရှိပါသေးတယ်။ဒါပေမယ့် ဒီနည်းကိုသုံးဖို့ Windows
အရင်ထဲက Boot တတ်ပြီးသားဖြစ်ပါမယ်။Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ထဲမှာ msconfig ကို
ရိုက်ထည့်ပေးပါ။

System Configuration ပေါ်လာပါလိမ့်မယ်။အဲ့ဒီ့ ထဲက Boot Tab ကိုသွားပါ။ပြီးအောက်ပုံမှာ ပြထားတဲ့
အတိုင်း Safe Boot ကို အမှန်ခြစ်ပေးပါ။

ဒီနေရာမှာ Safe Mode ကိုအမျိုးအစားလိုက် ရွေးလို့ရပါသေးတယ်။

Minimal ဟာ ပုံမှန် normal safe mode ဖြစ်ပါတယ်။

Alternate Shell ကိုရွေးမယ်ဆိုရင် safe mode နဲ့ command prompt Boot တတ်မှာဖြစ်ပါတယ်။

Network ကိုရွေးမယ်ဆိုရင် safe mode နဲ့ networking Boot တတ်မှာဖြစ်ပါတယ်။

Active Directory ဟာ သင့် Network အတွက် Domain Controller Server ကို Restore လုပ်ဖို့ဖြစ်ပါတယ်။

သင်လိုအပ်တဲ့ တစ်ခုကို ရွေးလိုက်ပြီ ဆိုရင် OK ကို Click လိုက်ပါ။ပြီးရင် Restart လုပ်လိုက်ပါ။

သင့်ရဲ့ PC က Safe Mode ကို Auto Boot လုပ်သွားပါလိမ့်မယ်။

သင့်ရဲ့ PC ကိုဖွင့်လိုက်တိုင်း Safe Mode ကိုပဲ Boot မတတ်စေဖို့ အခုန အတိုင်းပဲ Run Box မှာ msconfig ကိုရိုက် Safe Boot ကိုအမှန်ခြစ်ပြန်ဖြုတ်ပေးပါ။ပြီးရင် Apply OK Restart လုပ်ပေးပါ။

Ice Cream Sandwhich Android ကိုသင့်ရဲ့ PC မှာ အသုံးပြုခြင်း

/


Android Apps တွေကို PC ပေါ်မှာ Run တာဟာ အထူးအဆန်တော့ မဟုတ်တော့ဘူး။တကယ်လို့ သင့်မှာ Android ဖုန်းမရှိဘူးဆိုရင် (သို့) သင်ဟာ Android app တွေကို pc ပေါ်မှာ Run ချင်တဲဆိုရင် ဒီ Program ဟာ တော်တော်လေးကို အထောက်အကူပြုပါလိမ့်မယ်။ဒီ Program ကို အသုံးပြုပြီး သင့်ရဲ့ Desktop နှင့် Laptop ပေါ်မှာ Android app,game တွေကို အသုံးပြုနိုင်မှဖြစ်ပါတယ်။


Android App တွေ Game တွေကို အသုံးပြုနိုင်တဲ့ YouWave,BlueStaks တို့လို Program တွေရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အခုပြောပြမှာ က Ice Cream Sandwhich Android 4.0 OS ကိုသင့်ရဲ့ PC ပေါ်မှာ Run နိုင်တဲ့  SocketeQ  အကြောင်းကိုပြောမှာ ဖြစ်ပါတယ်။


ဒီ Program ကို WindowsAndroid လို့လည်းခေါ်ပါတယ်။WindowsAndroid ကို Windows Vista, Windows 7, and Windows 8 တို့ပေါ်မှာ Install လုပ်ပြီး Android Application တွေကို Full Screen အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ပြီး ဒီ Program က Resolution ပေါင်းဆုံးကို Support လုပ်ပါတယ်။
input/output device တွေဖြစ်တဲ့ mouse နဲ့ keyboard တွေနဲ့ လည်းအလုပ်လုပ်နိုင်ပါတယ်။့် ဒီ Program ဟာ Development State မှာပဲ ရှိပါသေးတယ်။ဒါပေမယ့် စမ်းသုံးနိုင်မယ့် Tested Version ကတော့ ထွက်နေပါပြီ။တစ်ခုတော့ ရှိတယ် Google Play Store ကိုတော့ Hardware Recognize မလုပ်နိုင်လို့ Access လုပ်နိုင်ခြင်းမရှိပါဘူး။

Development State မှာပဲ ရှိသေးတာကြောင့် တရားဝင် ထွက်ပြီလို့တော့ကြေညာ ထားခြင်းမရှိသေးပါဘူး။တကယ်လို့ စမ်းသုံးကြည့် ချင်တယ်ဆိုရင် SocketeQ  company Website site ရဲ့ Download Tab ကနေ WindowsAndroid ကို Download လုပ်နိုင်ပါတယ်။နောက်ပြီး ဒီ Software နဲ့ ပက်သတ် ပြီး အသေးစိတ် အချက်အလက် တွေသချင်ရင် တော့ ဒီ PDF File  ကို Download လုပ်ပြီး လေ့လာနိုင်ပါတယ်။