Popular

Template Information

Welcome To Sora Films

Windows 8 နှင့် 7 မှာ Master Boot Record ကို ပြင်နည်း

Windows တွေ Boot မတတ်တဲ့အခါ ကျွန်တော်တို့ အခုပြောပြမယ့် MBR လို့ခေါ်တဲ့ Master Boot Record ကြောင့်လည်းဖြစ်နိုင်ပါတယ်။MBR ကဘာလို့ပျက်ရလည်းဆိုရင် အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် အဖြစ်အများအကြောင်းအရင်းတစ်ခုက malware ကူးစက်ခြင်းကြောင့် လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုက စက်ကို ပုံမှန် ShutDown ချသင့်တဲ့နေရာကနေမချပဲ စက်ရဲ့ Power ခလုပ်ကို အကြာကြီး ဖိပြီးပိတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။


ထားပါတော့ အကြောင်းအရင်းတွေအများကြီးရှိပေမယ့် သင့်ရဲ့ စက် Boot မတတ်တော့ဘူးဆိုရင် Master Boot Record ကိုပြင်ကြည့်သင့်ပါတယ်။

Windows 8 နှင့် 7 မှာ MBR ကို ပြင်ခြင်း

အခုကျွန်တော်တို့ ပြောမယ့်နည်းကို Windows 7 နဲ့ 8 မှာလည်းအသုံးပြုနိုင်ပါတယ်။အခုဒီနည်းကို အသုံးပြုမယ်ဆိုရင် လိုအပ်ချက်အနေနဲ့ Windows တင်တဲ့ အခွေလိုပါလိမ့်မယ်။

Step 1: Windows Recovery Menu ထဲကိုဝင်ဖို့ System Boot လုပ်နေတဲ့အခါ Keyboard ကနေ F8 ကိုနှိပ်ပေးပါ။ Windows တင်တဲ့ အခွေကို Computer ရဲ့ DVD Drive ထဲကိုထည့်ထားပါ။

Step 2: ပြီးရင် Troubleshoot ကိုနှိပ်ပေးပါ။



Step 3: Automatic Repair menu ထဲကိုသွားဖို့အတွက် Advanced options ကို Click လုပ်ပေးပါ။


Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို တစ်ခုပြီးမှာ တစ်ခုရိုက်ထည့်ပေးပါ။

Step 4: ကျွန်တော်တို့ Bootrec.exe tool ကို အသုံးပြုဖို့လိုလာပါပြီ။အဲ့ဒါကြောင့် အောက်မှာပေးထားတဲ့ Command တွေကို command prompt မှာ တစ်ခုပြီးမှ တစ်ခုရိုက်ထည့်ပေးပါ။


    bootrec /RebuildBcd
    bootrec /fixMbr
    bootrec /fixboot
    Exit

အပေါ်မှာပေးထားတဲ့ Command တွေကို ရိုက်ထည့်ပြီးလို့ အောက်ကပုံအတိုင်းပေါ်တယ်ဆိုရင် Master Boot Record (MBR) ကို ပြင်လို့ပြီးပါပြီ။


Share This: