Popular

Template Information

Welcome To Sora Films

Windows script host error message အားဖြေရှင်းရန်


ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်နေတာနဲ့ ကျွန်တော်လည်း ဖြေရှင်းနည်း အတိုလေး ရေးပေးပါ့မယ်။ Software တစ်ခုနဲ့ ဖြေရှင်းလိုက်ရင်လည်း ပြီးပါတယ်။ ဒါပေမယ့် Software မဒေါင်းပဲ ဒီအတိုင်းလေးပဲ ဖြေရှင်းကြည့်ရအောင်ဗျာ။ ဒီလို Script Host Errors လေးတွေကတော့ အများကြီးရှိပါတယ်.။ ကျွန်တော်လည်း အဆင်ပြေမယ့်ပုံလေးတစ်ပုံကိုဆွဲတင်ပေးလိုက်ရတော့ ဖြစ်နေတဲ့ Error နဲ့ တူချင်မှတူပါလိမ့်မယ်။ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီပြပေးထားပါတယ်။ ကျွန်တော်တို့ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့ ပထမဆုံး Start Menu > Run > msconfig ကိုရိုက်ပြီး System Configuration ကိုခေါ်လိုက်ပါမယ်။ အောက်မှာ ကြည့်လိုက်ပါ။
General Tab ရဲ့အောက်မှာ မျှားလေးနဲ့ ပြထားတဲ့အတိုင်း Selective Startup ကိုရွေးပေးပါ။ ပြီးရင် Load Startup items မှာခြစ်ထားတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ 
ပြီးရင်တော့ Apply Ok ပေါ့ဗျာ ။ Restart မပေးပါနဲ့ဦး။ Services Tab လေးကို ထပ်ဝင်လိုက်ပါ။ ပုံမှာ ထပ်ကြည့်ရအောင်။ 
ကျွန်တော်တို့ အောက်ဆုံးမှာပြထားတဲ့ Hide all Microsoft services ဆိုတာလေးကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးရင်တော့ စက်ကို Restart ပေးလိုက်ပါ။  ဒီလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Normal Mode ကို ပြန်သွားချင်တယ်ဆိုရင်တော့ ဒီအဆင့်လေးအတိုင်းပဲ ပြန်ပြီး အမှန်ခြစ်လေးတွေပြန်ဖြုတ် ပြီး နဂိုအတိုင်းပြန်လုပ်ပေးလိုက်ရင် ရပါပြီ။  Windows Script လေးတွေ Download လုပ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်လေးမှာ ယူလိုက်ပါခင်ဗျာ။ အဆင်ပြေပါစေ။

Share This: