Popular

Template Information

Welcome To Sora Films

Tweak များကြောင့် iOS Crash ဖြစ်ခြင်းမှ ကယ်တင်ရန်


Cydia ကို တည်ထောင်သူ "Saurik" က သူရဲ့  Cydia ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲက Update လုပ်ထားပေးခဲ့ပါတယ် အဲဒီ အထဲမှာပါတဲ့ "Mobile Substrate" ဟာ System crash ဖြစ်သွားတဲ့ အခါမှာ "safe mode" နဲ့  ပြန်လည်နိုးထနိုင်စေဖို့  ရည်ရွယ်ထားပါတယ်။



iPhone, iPad, iPadTouch များ အားလုံးတွင် အသုံးပြုနိုင်ကြပါတယ်။ ယခုဆိုရင် Mobile Substrate version 0.9.4001 ကိုရောက်နေပြီး iOS 6.x နှင့်လည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်။


"Mobile Substrate" အသုံးပြုနည်း

tweaks အချို့ ကြောင့် Crash ဖြစ်သွားပြီ ဆိုကြပါစို့ 

  • Device ရဲ့  Power button ကို နှိပ်ပြီး "Apple Logo" ပေါ်လာသည်နှင့် တစ်ပြိုင်နက် "Volume UP" button ကို ဆက်တိုက်ဖိထားပါ။ (ခပ်ကြာကြာ ဖိထားပြီးမှ လွှတ်လိုက်ပါ)

  • "Passcode" ဖြည်ပြီး Home screen ရောက်သွားတဲ့ အခါမှာ မည်သည့် "tweaks" မျှ အလုပ်မလုပ်ပဲ Apple original အတိုင်း ပုံမှန်ဖြစ်နေပါမည်။
    tweak အလုပ် လုပ်မလုပ် လွယ်လွယ်စမ်းလိုပါက "keyboard" လက်ကွက်ကို မြန်မာစာပြောင်း၍ ရိုက်ကြည့်ပါ မြန်မာစာတွေ မြင်ရပေမယ့် ရိုက်လိုက်တဲ့အခါ မပေါ်တော့ကြောင်း တွေ့ ရမည်။

  • ဤအခြေနေတွင် "Cydia" ထဲဝင်၍ Crash ဖြစ်မယ်ဟု ယူဆရသော tweaks များကို ဖျက်ပစ်နိုင်ပါပြီ။

  • ထို့ နောက် Reboot လုပ်ပါ။


ယခုနည်းလမ်းလေးကို အသုံးပြုနိုင်ဖို့  "Cydia" ကို UPDATE လုပ်ရန်သာ လိုအပ်ပါသည်....

Share This: