Popular

Template Information

Welcome To Sora Films

Inkjet Printer များ မှင်အိုးဖြင့်သုံးလျှင် သတိပြုရန်အချက်များ



Printer နည်းပညာပို့စ်ကိုသတိရလို့ တင်ပေးလိုက်ပါတယ်.. စာအုပ်ကတော့ ရှာတုန်းပါ.. စာအုပ်ရှာတာ မတွေ့သေးခင် Printer သမားတွေအတွက် သတိထားရအောင်လို့ တင်ပေးလိုက်ပါတယ်..

User Guide for Inkjet Printers

(၁) စက်နှင့်မှင်အိုးအားရေပြင်ညီထားသုံးရမှာပါ၊ အမြင့်သို့ထားမိလျှင် မှင်ရည်များ Headထဲသို့ဝင်သွားနိုင်၍ Head ပျက်သွားနိုင်ပါတယ်။

(၂) မှင်ပိုက်ကိုညှပ်ထားတဲ့အပိတ် (ကလစ်) များ နှင့်မှင်အိုးမှလေ၀င်ပေါက် များအားဖွင့်ပြီးမှ စက်ကို ပါဝါဖွင့်ပါ။အပိတ်များမဖွင့်ပဲသုံးမိလျှင်လည်း Headပျက်စေတတ်ပါသည်။ မှင်ပိုက်တွေနဲ့ အပိတ်တွေ ဖွင့်ပြီးသွားရင် မှင်အိုးကိုလုံးဝမြှောက်ကြည့်လို့မရတော့ပါဘူး။

(၃)Cartridge အတွင်းမှင်မှင်ရည်ပမာဏ ကုန်ချိန်လောက်မှာ မှင်ကုန်တဲ့ Error မီးပြလာပါလိမ့်မယ်
Epson R230,T11 တို့လိုစက်တွေမှာ မီးပြတဲ့ ခလုတ်လေးကိုနှိပ်ပေးရင်အဆင်ပြေပါတယ်။
Epson T60,T50,T13 တို့လိုစက်တွေမှာ မီးပြတဲ့ခလုတ်ကိုလည်းနှိပ်ပေးရပြီး Cartridgeမှာပါလာတဲ့ Reset ခလုတ်လေးကိုလည်း တစ်ရောင်ချင်းစီအတွက် 3sec: ဖိနှိပ်ပေးမှသာအဆင်ပြေမှာပါ။

(၄)မှင်ပိုက်အတွင်းမှာ လေခိုနေရင် ဘာမှမဖြစ်ပါဘူး၊စိတ်ထဲမှာကသိကအောက်ဖြစ်နေရင် Head Cleaning ပြုလုပ်ပေးတာနဲ့ မှင်ပြန်လိုက်သွားပါလိမ့်မယ်။

(၅)Nozzle Check pattern အား print ထုတ်ကြည့်၍မမှန်မှသာ Cleaning ပြုလုပ်ရမှာပါ။ Head Cleaning လုပ်တဲ့အခါ Waste Ink Pipe ထုတ်ထားရင် ၎င်းပိုက်ကနေမှင်ထွက်လာရပါမယ်။ထွက်မလာစေချင်လို့ ပိတ်ဆို့ထားလို့မရပါဘူး၊ ပြီးတော့အဲဒီပိုက်မှာ (drip pipe)ပိုက်အရှည် များလည်းဆက်၍တပ်မသုံးရပါဘူး၊အလိုအလျှောက် မှင်တွေစီးဆင်းတတ်ပြီး Head နာစေပါတယ်။

(၆) မှင်အိုးအတွင်းမှမှင်ရည်တစ်ရောင်တည်းဖြစ်စေကုန်အောင်သုံးမိရင် Head ချောက်၍ ပိတ်စေတတ်လို့ မှင်ရည်ကုန်အောင်မသုံးမိစေရန်နှင့် မှင်အိုးအောက်ခြေ တစ်လက်မခန့်အကျန်မှာ ပြန်လည်ဖြည့်သုံးဖို့ အထူးသတိပြုရပါမယ်။ အရည်အသွေးညံ့တဲ့ (Refill) မှင်ရည်များ၊ ရက်ကြာနေသော မှင်ရည်များကို ထည့်မသုံးမိဖို့လည်းသတိပြုပါ။

(၇) ကာလကြာအောင်မသုံးပဲထားလို့မရပါ၊ အသုံးပြုရန်မလိုအပ်သည့်တိုင် ၇ ရက်(၁ပတ်)လျှင်တစ်ကြိမ်ခန့် ပါဝါဖွင့်ပေးရပါမည်။Nozzle check pattern ထုတ်ကြည့်နိုင်လျှင်ပိုကောင်းပါသည်။ အချိန်တိုအတွင်း အလွန်အကျွံသုံးမိလျှင်လည်း Head heat တက်၍ပျက်ဆီးစေတတ်ပါသည်။

(၈) အသယ်အပို့ပြုလုပ်သည့်အခါ Cartridge နှင့်မှင်အိုးအား မဖြုတ်မိရန်နှင့် မှင်ပိုက်၊ မှင်အိုးများကို လေလုံအောင်ပိတ်၍ စက်အား မတိမ်းစောင်းမိ စေရန်အထူးဂရုစိုက်၍သယ်ပို့ရပါမယ်။

Share This:

Labels: