Popular

Template Information

Welcome To Sora Films

IDM ကို Browser အားလုံးမှာ ဒေါင်းလို့ရအောင်လုပ်မယ်



IDMဖြင့် Browsers အားလုံးမှာဒေါင်းလို့ရအောင်လုပ်နည်းလေးပါ။
၁။ IDM ကိုဖွင့်ပါ.. ပြီးရင် Option ကိုနှိပ်ပါ..


၂။ ပွင့်လာတဲ့ Option Box ထဲက General Tab ကိုတစ်ချက်နှိပ်ထားပါ.. Genenal Tab View ထဲမှာ IDM နဲ့ ချိတ်ဆက်ထားတဲ့ Browser ကို မြင်တွေရပါမယ်.. ကိုယ်သုံးချင်တဲ့ Browser မပါသေးဘူးဆိုရင်တော့ Add Browser ကိုတစ်ချက်နှိပ်လိုက်ပါ.

၃။ အဲဒီမှာ Please locate the browser နဲ့စတဲ့စာသားနဲ့ Dialog Boxတစ်ခုကျလာပါတယ်.. OK နှိပ်လိုက်ပါ..

၎။ ဒါဆိုရင် Browser ကို ဖွင့်ဖို့ Locate the browser ဆိုပြီး Dialog Box တစ်ခု ထပ်ကျလာပါတယ်.. ကိုယ်သုံးချင်တဲ့ Browser ရဲ့ exe ဖိုင်ကို ရွေးပေးပြီး Open ကိုနှိပ်ရပါမယ်.. Maxthon မှာတော့ Maxthon ဆိုတဲ့ Folder ကို Double Click ခေါက်.. အဲဒီထဲက Bin ဆိုတဲ့ Folder ကို ထပ်ပြီး Double Click ခေါက် .. အဲဒီထဲကမှ Maxthon ဆိုတဲ့ exe ဖိုင်ကို တစ်ချက်နှိပ်ပြီး Open ကို နှိပ်လိုက်ရပါမယ်..


၅။ ပြီးရင်တော့ OK ကိုနှိပ်ပေါ့ခင်ဗျာ.. ဒါဆိုရင် ရပါပြီ... တစ်ခြား Browser တွေကိုလည်း ဒီနည်းနဲ့ လုပ်ပြီး IDM က သိအောင် လုပ်နိုင်ပါတယ်..

ဒါပေမယ့်.. IDM Option ထဲက General Tab ရဲ့အောက်မှာ Browser တော့ရှိတယ်.. ဆိုရင် အမှန်ခြစ်ကလေးခြစ်ထားရဲ့လား ကြည့်ပါ.. ကိုယ့် Browser ရဲ့ဘေးမှာ အမှန်ခြစ်ပေးလိုက်ပါ.. ဒါနဲ့မှ မရသေးရင်တော့ Add-on မှာ Disable ဖြစ်နေလို့ဖြစ်ပါလိမ့်မယ်..
Mozilla Firefox မှာဆိုရင်တော့ 
1.Tool Menu ထဲက Add-ons ကိုနှိပ်ရပါမယ်.. ရှော့ကပ်က (Ctrl+Shift+A) ဖြစ်ပါတယ်..

2.ပေါ်လာတဲ့ Add-ons ဘောက်ထဲက Extensions ကိုတစ်ချက်နှိပ်ပြီး IDM CC ရဲ့ ညာဘက်မှာ Enable ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါဆိုရပါပြီ



Chrome မှာဆိုရင်တော့
1.Chrome Tool bar ရဲ့ ညာဘက်အပေါ်ထောင့်နားလေးက မျဉ်းကြောင်းလေးတွေ အလျားလိုက်ပြိုင်နေတဲ့ပုံနဲ့ Cumstomize and Control ကိုတစ်ချက်နှိပ်.. ပေါ်လာတဲ့ Drop Down Menu ထဲက Setting ကိုနှိပ်ပါ..၏
2.ပေါ်လာတဲ့ ဘောက်ထဲမှာ Extension ဆိုတာကိုနှိပ်ပြီး IDM Integration ရဲ့ ညာဘက်မှာ Enable ကို အမှန်ခြစ်ပေးလိုက်ပါ..

Internet Explorer မှာဆိုရင်တော့
1. Tool Menu အောက်က Manage Add-ons ကိုတစ်ချက်နှိပ်ပါ..
2. ပေါ်လာတဲ့ဘောက်မှာ IDM Intergration ကိုတစ်ချက်နှိပ်ပြီး ဘောက်ရဲ့ အောက်နားက Enable ဆိုတာလေးရဲ့ဘေးက ၀လုံးလေးကို တစ်ချက်နှိပ်ပါ. ပြီးရင်တော့ OK ပေါ့..

ဒီနည်းနဲ့ပဲ. အခြား Browser တွေမှာလည်း လုပ်နိုင်ပါတယ်.. အဓိကကတော့ Add-ons ထဲက Extension ထဲမှာ IDM ကို Enable လုပ်ပေးဖို့ပါပဲ..

Share This: