Popular

Template Information

Welcome To Sora Films

Be Together v1.22 for iPhone/Pad/Pod touch




Be Together ဂိမ်းဟာအလွန်ချစ်စရာကောင်းတဲ့ Maya နဲ့ Ruby အကောင်လေးနှစ်ကောင်ကိုအန္တရာယ်တွေကြား ကနေပေါင်းစပ်ပေးရမယ့်ပဟေဠိဂိမ်းပဲဖြစ်ပါတယ်။ Maya ဆိုတဲ့အကောင်လေးကို Ruby ဆီရောက်အောင်ပို့ဆောင်ဖို့အတွက်ဦးနှောက်ကိုအသုံးပြုကာကစားရမှာဖြစ်ပြီး ကိုယ့်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ရွှေကြယ်တွေကိုလည်းရအောင်စု ဆောင်းသွားရမှာဖြစ်ပါတယ်။ အကွာအဝေးတွေ၊ချောက်ကမ်းပါးတွေကကြားထဲမှာခံနေတဲ့အတွက် ကြားထဲမှာထောက်ကန် ပေးနိုင်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုနိုင်အောင်ထောက်ပံ့ပေးထားပါတယ်။ ပစ္စည်းလေးကို tap လုပ်ပြီး drag ဆွဲကာ စိတ် ကြိုက်နေရာသတ်မှတ်ချနိုင်ပါတယ်။ အဲဒီပစ္စည်းကိုနေရာမှန်ထားနိုင်မှသာ Maya လေးချောက်ထဲကျမသွားဘဲ Ruby လေးနဲ့ ဆုံစည်းနိုင် မှာဖြစ်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ကမ္ဘာ ၄ ခုကိုမှာ စိတ်ဝင်စားစရာကောင်းတဲ့ levels ပေါင်း ၁၂၀ ကျော် ကိုဖြတ် ကျော်ပြီး level တစ်ခုစီမှာ ကြယ် ၃ လုံးကိုရရှိအောင်ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Bonus levels တွေမှာတော့ နွားတွေ၊၀က်တွေ၊ငှက်တွေနဲ့အခြားချစ်စရာကောင်းတဲ့တိရစ္ဆာလေးတွေကိုလည်းစုဆောင်းရယူနိုင်တဲ့အပြင် အခြားပါရှိတဲ့အ ရာတွေကိုလည်း unlock လုပ်ယူနိုင်ပါတယ်။ အကောင်လေးတွေကိုချစ်စရာကောင်းအောင်ဖန်တီးထားပြီး ဆန်းသစ်တဲ့ဂိမ်း အပြင်အဆင်လေးတွေကိုခံစားနိုင်ပါတယ်။ တစ်ခန်းပြီးတစ်ခန်းပိုမိုခက်ခဲလာတာကြောင့် သင့်ရဲ့ဦးနှောက်ကိုပိုမိုအလုပ်ပေး ရပါမယ်။ အားလုံးနဲ့အဆင်ပြေပြေကစားနိုင်တဲ့ Universal game ဖြစ်ပြီး ထိန်းချုပ်ရတာလည်းလွယ်ကူပါတယ်။ ဒီ Be Together ဂိမ်းကိုကစားချင်တယ်ဆိုရင်တော့ iOS 4.3 နဲ့အထက်လိုအပ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Download Here:


Mirror link: Be Together v1.22 for iPhone/Pad/Pod touch




Share This:

Labels: