Popular

Template Information

Welcome To Sora Films

Gtalk Setting တွင် မြန်မာစာပြောင်းသော်လည်း မြန်မာစာမပေါ်ခြင်းပြဿနာ

Gtalk Setting မှာ မြန်မာစာလည်း ပြောင်းပြီးသွားပြီ.. ဒါပေမယ့် Gtalk မှာ စာရိုက်တဲ့အခါ တုံးလေးတွေပဲပေါ်တယ်.. Enter ခေါက်လိုက်ရင်တော့ မြန်မာစာက ပေါ်ပြန်ရောဗျာ.. ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ.. ဒါက Windows 7 မှာ အဖြစ်များတတ်ပါတယ်..


1.Start ထဲက Control Panel ကိုနှိပ်ပါ..
2.Control Panel ဘောက်ထဲမှာ Network and Internet ကိုနှိပ်ပါ..



3.ပေါ်လာတဲ့စာမျက်နှာမှာ ညာဘက်ခြမ်းက Internet Option ကိုနှိပ်ပါ..



4.Internet Option Box ထဲမှာ Fonts ဆိုတဲ့ Button လေးကို ထပ်နှိပ်ပါ.



5.ပေါ်လာတဲ့ဘောက်ကလေးထဲက ဘယ်ဘက်ခြမ်းလေးမှာ Zawgyi One ကိုရွေးပြီး OK နှိပ်ပါ.. 




ဒီအဆင့်က Control Panel ထဲက Network Setting ကိုချိန်ညှိလို့ပြီးပါပြီ..
နောက်ထပ် Gtalk Setting ကို ထပ်ချိန်ရပါအုံးမယ်..
1.Gtalk ကိုဖွင့်ပါ..
2.Setting ကိုနှိပ်ပါ..


3.Gtalk Setting ကိုရောက်သွားရင် Fonts ကိုနှိပ်ပြီး Zawgyi One ကိုနှိပ်ပြီး OK လုပ်ပါ..




Share This: