Sony Xperia P ကို JellyBean (Android v4.1.2) တင်၍ Root လုပ်နည်း
Official version ကိုတော့ 24 ရက်နေ့ကထွက်ခဲ့ပါတယ်
ထွက်ခဲ့တာလေးတွေကတော့ Xperia P, Go and E တို့ပါ
ပထမဦးဆုံး သူ့ရဲ့firmware လေးကိုဒေါင်းယူလိုက်ပါ — > ဒီမှာ
Password= MMAS
ပြီးရင်တော့ ဇစ်ဖြည်ချလိုက်ပါ…အထဲမှာ ftf ဖိုင်လေးကိုတော့ Flash Tool Folder ထဲက firmware Folder ထဲမှာသွင်းပေးလိုက်ပါ
flash tool driver ကို run ပေးလိုက်ပါ ပြီးရင်တော့ Box ထဲမှာရှိတဲ့ driver တွေကိုအားလုံးကိုအမှန်ခြစ်ပေးပြီး Install ပေးလိုက်ပါ
Flash Tool မရှိသေးပါက ဒီမှာဒေါင်းယူပါ — > FlashTool v0.9.10.1
ဒီပုံမှာကြည့်ပါ
ပြီးရင်တော့ Flash Tool Exe ကို Run လိုက်ပါ
မိုးကြိုးသွားပုံလေးကို နှိပ်ပေးလိုက်ပါ
ပြီးသွား၇င်တော့ ဒီပုံလေးအတိုင်းရပါမယ်
OK ပေးလိုက်ပါ
ပြီးသွားရင်တော့ Firmware ကိုရွေးပေးလိုက်ပါ
No Final verification ကိုအမှန်ခြစ်ပေးပါ (very important)
- Wipe data
- Wipe cache
- Wipe apps log တို့ကတော့ auto check ပြီးသားမို့ပါ
ပြီး၇င်တော့ ဖုန်းကိုပါဝါပိတ်ပြီး Back Key ကိုနှိပ်ထားပေး၍ ကြိုးထိုးဖို့ပြောပါလိမ့်မယ်
Xpeia P အတွက်ကတော့ Volume Down Key ကို နှိပ်ထားပေးပြီးကြိုးထိုးပေးလိုက်ပါ release ဖြစ်သွားပြီးတော့ installing လုပ်နေပါလိမ့်မယ်
ခဏစောင့်ပါ 100% ပြည့်သွားရင်တော့ ပြီးပါပြီ (မှတ်ချက်– > flash tool ပုံက ဥပမာပြထားတာပဲရှိပါတယ် P အတွက်က Screen Shot မရိုက်ထားမိပါသောကြောင့် )
ုကြိုးဖြုတ်ပြီးဖုန်းကို ပါဝါပြန်ဖွင့်လိုက်ပါ
စတက်တက်ချင်းတော့နည်းနည်းကြာပါမယ်….
ပြီးရင်တော့ Android version ကိုသွားကြည့်လိုက်ပါ v4.1.2 လေးနဲ့လန်းနေတာတွေ့ရပါလိမ့်မယ် ငိငိ
!!!!! >>> Root ချင်သူများအတွက်ကတော့ နောက်တဆင့်ဆက်သွားရအောင်နော် <<< !!!!!
♪♫♪♫♫♪♪♫♫♪ Root Method ♪♫♪♫♫♪♪♫♫♪
Unlock Bootloader လုပ်ထားရပါမယ်..အရင်က Unlock Bootloader လုပ်ထားပြီးပြီပဲ ..လိုဘူးလေလို့တော့ ပြောနဲ့နော်….Bootloader Status ကိုပြန်စစ်ကြည့်ပါ..Unlock ဖြစ်ပြီးသားဆိုရင်တော့ ထားလိုက်လေနော့..မဖြစ်သေးရင်ထပ်လုပ်လို်က်ပါ..ဘာလို့အဲဒီလိုပြောပါသလဲဆိုတော့ ကျတော်အဲဒီ P (ICS) Root လုပ်တုန်းက Unlock Bootloader လုပ်ခဲ့ပြီးသားပါ ဒါပေမယ့် ဒီ Jellybean လေးတင်တော့ Bootloader က Lock ပြန်ဖြစ်နေလို့ပါ…
Bootloader Unlock လုပ်နည်းလေးကို မသိသေးသူများအတွက် — > ဒီလင့်ခ်မှာ ကြည့်ပါ
Unlock ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းစရအောင်
အရင်ဆုံး Fastboot ကို ဒေါင်းလိုက်ပါ — > Fastboot
ပြီးရင် သူရဲ့ Kernel လေးဒေါင်းလိုကပါ — > Kernel.elf
ပြီးရင်တော့ဖုန်းကိုပါဝါပိတ်ထားလိုက်ပါ
Fastboot folder ထဲကို kernel.elf လေးသွားထည့်ထားလိုက်ပါ
စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ
မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources ၂ ခုစလုံးကို ON ထားပေးပါ
ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….
Power Off … ခဏစောင့်ပေးပါ..ပြီးရင်
Volume Up Key ကိုနှိပ်ထားပေးပြီး USB ကြိုးထိုးလိုက်ပါ………
Fastboot Folder ကိုဖွင့်လိုက်ပါ………
အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်
* open command window here * ဆိုတာလေးကို နှိပ်လိုက်ပါ….
CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး
အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.
မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့ ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ
ရိုက်ထည့်ရမည့်စာကြောင်းက >>> fastboot flash boot kernel.elf <<<
ခဏလေးပဲကြာပါမယ် ၁စက္ကန့်နီးပါးလောက်ပေါ့
ပြီးရင်တော့ ဒီ ကောင်လေးရိုက်ထည့်လိုက်ပါ >>> fastboot reboot <<<
ပြီးရင်တော့ Enter
ဖုန်းက reboot ကျသွားပါလိမ့်မယ်
ခဏစောင့်ပါ ဖုန်း Boot ပြန်တက်လာပါလိမ့်မယ်..
ပြီးရင်တော့ Super Su လေးကိုရှာကြည့်လိုက်ပါ…တွေ့မှာမဟုတ်သေးပါဘူး
ICS Root တုန်းကတော့ Kernel လေးချိန်းပေးလိုက်ရင် Root ပြီးသွားဖြစ်သွားပါလိမ့်မယ်
အခုကမရတော့ပါ….
ပြီးရင်တော့ ကြိုးပြန်ချိတ်လိုက်ပါ
ဒီကောင်လေးကို ဒေါင်းလိုက်ပါ — > E Root.exe
E root လေးကို run လိုက်ပါ Phone ကိုသိနေပြီဆိုရင်တော့ Root ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်
မတွေ့သေးဘူးဆိုရင်တော့ Adb Driver Installer လေးကိုဒေါင်းရအောင်
ဒီမှာဒေါင်းပါ
ပြီး၇င်တော့အဲဒီကောင်လေးကို Run လိုက်ပါ
အမှန်ခြစ်ပုံလေးပြနေတယ်ဆိုရင်တော့ Install စရာမလိုပါဘူးခင်ဗျာ
မဟုတ်ဘူးဆို၇င်တော့ install ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ
ပြီးသွားရင်တော့ E root လေးကိုပြန် Run လိုက်ပါ
Root ဆိုတာကိုတွေ့ပါလိမ့်မယ်
Root ဆိုတာလေးကိုနှိပ်လိုက်ပါ ..
အဆင့် ၃အထိမြန်ပါတယ်
အဆင့် ၄ မှာတော့နည်းနည်းကြာပါတယ် ခဏစောင့်ပါ
အဆင့် ၄ပါပြီးပြီဆို၇င်တော့…
ကဲ..ဖုန်း Reboot ကျပြီးပြန်တက်လာပြီဆိုရင်တော့ Super Su လေးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်