Samsung galaxy S2(GTI9100) အား official ICS 4.0.4 တင်ပြီး root လုပ်မယ်
Samsung galaxy S2(GTI9100) သမားများကလည်း 4.1.2(jellybean) အဆင်မပြေလို့4.0.4(ICS official) ဆင်းချင်းသူများအတွက် တင်ပေးလိုက်ပါတယ် ..အရင် ဆုံး လိုအပ်တဲ့ဖိုင်များဒေါင်းပါမယ် ..
Driver ဒေါင်းပြီးပါက ကွန်မှာ သွင်းထားလိုက်ပါ … firmware, Odin ဇစ်ဖြေလိုက်ပါ … ..firmware ဖိုင် ဇစ်ဖြေရင် tar.md5 ရယ် SS.DLL ရယ်နှစ်ဖိုင်ပါပါမယ် … tar.md5 ဖိုင်ပဲ ယူပါမယ် ..
Odin ကို ကွန်မှာရမ်းပါ ….. Odin ရဲ့ PDA မှာ အပေါ်က firmware ဇစ်ဖြည်ထားတဲ့အထဲက tar.md5 ဆိုတာလေးရွေးပေးလိုက်ပါ….
ပြီးရင် ဖုန်းပိတ် ……download mode ကို Power home vol- နှီပ်ပါ.. samsung logO တက်လာရင် နှိပ်ထားသမျှ အကုန်လွှတ်လိုက်ပါ ..ဒီပုံလေးဖြစ်လာပါမယ်..
အပေါ်က ပုံအတိုင်း ဖြစ်လာရင် vol+ ဆက်နှီပ်ပါ.. ဒီအတိုင်းဖြစ်ပါမယ် ..
Download modeေ၇ာက်ပါပြီ..
ပီးရင် ဖုန်းကို USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ … ခဏကြာရင် Odin မှာ အရောင်လေး သမ်းလာပါလိမ့်မယ် .
အပေါ်က ပုံအတိုင်း ID.com အောက်မှာ အရောင်လေး သမ်းပြီဆိုရင် ဆက်လုပ်ပါမယ်.. အရောင် မတက်ရင် ဆက်လုပ်လို့မရပါဘူ.. အရောင်မတက်ခဲ့ရင် USB ကြိုး၊ driver ပြန်စစ်၊ ပြန်သွင်းပါမယ် ..
အထက်က ပုံအတိုင်း အရောင်လေး သမ်းလာပြီးဆိုရင် Odin က Start ခလုတ်ကို နှိပ်လိုက်ပါ ..သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်… ခဏကြာရင် Odin မှာ အောက်က ပုံအတိုင်း PASS ပြပါမယ်
အပေါ်က အတိုင်း Odin မှာ PASS ပြပြီးရင် ဖုန်းက သူ့ဟာသူ reboot ကျသွားပါလိမ့်မယ် ….. ခဏကြာ ပြန်တက်လာရင် Samsung galaxy s2(GTI 9100G) 4.0.4 ICS တင်ခြင်း ပြီးသွားပါပြီ …
ပြန်တက်လာချိန်မှာ samsung logO မှာ ၀ဲလည်လည် ဖြစ်နေရင် ဖုန်းကို ပိတ် recovery mode ကို vol+ power home နှီပ်ပြီး ၀င်ပါ ..အောက်ပါပုံအတိုင်း ဖြစ်သွားပါမယ်.
အပေါ်က ပုံအတိုင်း ဆိုရင် recovery mode ရောက်ပါပြီ.. wipe data /factory reset ဆိုတာလေးကို vol ခလုတ်နဲ့ သွားပြီး power ခလုတ်နှိပ်လိုက်ပါ .. yes or no မေးပါမယ်.
Yes ဆိုတာလေးကို vol ခလုတ်နဲ့ သွားပြီး power ခလုတ်နှိပ်လိုက်ပါ … ပြီးရင်နောက်ပြန်သွားပြီး reboot system now လုပ်ပါ.. (2-3 ) မိနစ်လောက်ရှီလို့ ပြန်တက်လာရင် အဆင်ပြေသွားပါပြီ…