.

Top Rated

FEATURED VIDEOS

Popular

Template Information

Welcome To Sora Films

How to root Huawei G520-5000


Huawei G520-5000 ကို Root မယ်

အဲဒီဖုန်းကို CWM Recovery ရအောင်ထည့်မယ် ။

ပြီးရင် Root ဖောက်ဖို့ အတွက် CWMSuperSu ထည့် ပြီးတော့ Root ဖောက်မယ်ပေါ့

အဲဒီလို စိတ်ကူးပြီးတော့ Recovery.img ဖိုင်လေး ကိုတော့ MMSD မှာ ရရှိခဲ့ပါတယ်.ကျေးဇူး

လည်းတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အဲဒီ recovery.img လေးက အဲဒီဖုန်းကို Root ဖောက်ဖို့ အတွက်

ဖြစ်စေခဲ့တာကိုးးး ကဲ..စရအောင်နော်

လိုအပ်တာလေးတွေ ဒေါင်းပေးထားပါ 

Root File Download Here 

ဒေါင်းလို့ ရလာတာလေးကို ဇစ် ဖြည်လိုတ်ရင် အထဲမှာ 

SP_Flash_Tool_v3.1252.1.104 

stuff

အဲဒီ နှစ်ဖိုင်ပါမှာပါ 

ပြီးရင်  SP_Flash_Tool_v3.1252.1.104  အဲဒီဖိုင်ကိုဖွင့်လိုတ်ပါ အဲဒီအခါ 

SP_Flash_Tool_v3.1252.1.104  ဖိုင်ထဲမှာ Flash_tool.exe အမည်ပါတဲ့ ကောင်လေးကိုဖွင့်လိုတ်ပါ



ပြီးရင် အောက်ကလိုပုံလေး ပေါ်လာရင် Scatter-Loading ဆိုတာကို ကလစ်နှိပ်ပါ

ပြီးရင် ဘောက်တခု ကျလာပါလိမ့်မယ် အဲဒီဘောက်မှာ 

MT6589_Android_scatter_emmc.txt ဆိုတာလေးကိုရွေးပေးပါ ။ ပြီးရင် Open ကိုနှိပ်ပါ 



ပြီးရင် အောက်ကပုံကိုကြည့်ပါ .အဲဒီမှာ recovery.img ဆိုတာလေးကို ကလစ် တချက်နှိပ်လိုတ်ပါ 



မျှားလေး ပြထားတယ်နော် . အဲလို ကလစ် တချက် နှိပ်လိုတ် လို့ ရှိ ရင်ဘောက်တခု ထပ်ကြလာမှာပါ 

အဲဒီဘောက်မှာ recovery.img လေးကိုရွေးပေးပါ. ( ကျွှန်တော်ပေးထားတဲ့ recovery.img 

ပဲဖြစ်ရမယ်နော် )

ပီးရင် Open ကိုရွေးပေးပါ .. ထို့ နောက် SP_Flash_Tool ရဲ့ အပေါ်ဘားမှာ Download ဆိုတာလေး ရှိတယ် အဲဒါလေးကို ကလစ်တချက်နှိပ်ပေးပါ ။ 

ပြီးရင်ဘောက်တခု ထပ်ကြလာပါမယ်. အဲဒီမှာ Yes ကိုရွေးပေးပါ ။.

အခု အခါ ကွန်ပျူတာမှာ ပြင်ဆင်သင့်တာ တွေ အားလုံး ပြီးသွားပါ ပြီ ထို့ နောက် ဖုန်းကိုပါဝါပိတ်ပါ ။

ဓါတ်ခဲဖြုတ်ပါ ။ ထို့ နောက် ကွန်ပျူတာတွင် ချိတ်ပါ 5စက္ကန့် လောက်အထိ ဖုန်းက မတုန်သွားဘူးဆိုရင် 

ဓါတ်ခဲကို တက်လိုတ်ပါ ။ ပြီးရင် SP_Flash_Tool မှာ အနီးတန်းလေးပြေးသွားပါမယ်. အဲဒီလိုမှ မဟုတ်ရင် 

ဓါတ်ခဲ ကိုပြန်ဖြုတ် ပြီးတော့ ကြိုးပြန်ထိုး ပြီးတော့ ဓါတ်ခဲကိုပြန်တက်ပါ ။

အကယ်၍ ရတယ်ဆိုရင်တော့ အောက်ကပုံလေးလို သူ က ဆက်သွားနေမှာပါ 


ဘာမှလုပ်စရာမလိုဘူးနော်.. ဆက်ကြည့်နေလိုက်ဦးး

အဲဒါလည်းကြည့်နေဦးး



အဲဒီအတိုင်းဆိုရင်တော့ အောင်မြင်စွာ ပထမ အဆင့်ပြီးသွားပါပြီခင်ဗျ....

ဖုန်းကို ပါဝါပြန်ဖွင့်ပါ USB Debugging တွေ On ထားပါ Unknow Source တွေ လည်း On ထားပါ ။

ထို့ နောက် အပေါ်မှာဒေါင်းထားတဲ့ Stuff ဆိုတဲ့ဖိုင်လေးတဖိုင် ပါပါတယ် အဲဒီ ဖိုင်လေးကို ဖွင့်လိုတ်ပါ 

အဲထဲမှာ RunMe.bat ဆိုတာလေး တွေ့ မှာ အဲဒါလေးကို ဖွင့်လိုတ်ပါ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ 

ချိတ်ပါ(ပါဝါဖွင့်လျှက်) ။ ပြီးရင် ခဏစောင့်နေလိုတ်ပါ..အောက်ပုံကိုကြည့်ပါ


ပုံလေးထဲမှာကရှင်းပါတယ် ထည့်ရမယ့်ဖိုင်တွေကို ဖုန်းထဲကိုထည့်နေတာပါ..ဘာမှ နှိပ်စရာမလိုဘူးနော်..ပြီးရင်နောက်တမျက်နှာကိုရောက်သွားမယ်


ဆောနက RunMe.bat ဖိုင်က အစိမ်းရောင်က အပေါ်ကအရောင်ကိုပြောင်းသွားလို့ ရှိရင် မိမိ ဖုန်းဟာလည်း CWM Recovery ထဲကိုရောက်နေပါလိမ့်မည် ..အဲဒီအခါ အပေါ်ကပုံကို ကြည့်ပါ ..အဲဒီမှာ သူက ဘာလုပ် . ဘာလုပ် လို့ ခိုင်းထားပါတယ်..
အပေါ်ကစာကိုဖက်ပြီးတော့ဖုန်းမှာ လုပ်ရမှာပါ ။
  1. အရင်ဆုံး ဒုတိယ မြောက်စာကြောင်းကိုသွားပါတဲ့
  2. ပြီးရင် လေးကြောင်း မြောက်စာကြောင်းကိုထပ်သွားပါတဲ့
  3. အဲဒီမှာ HWMMFont.zip ကို သွားရွေးပေးပါတဲ့ 
  4. အဲဒီအထဲထပ်ရောက်ရင် HWMMFont.zip ကိုပဲထပ်ရွေးပေးပါ တဲ့
    ဒါဆို ရင် တော့ မြန်မာဖောင့် ကိုအောင်မြင်စွာထည့်ပီးသွားပါပြီတဲ့ Root ဖောက်မယ်ဆိုရင်တော့
  5. လေးကြောင်းစာသားကို ထပ်သွားပါတဲ့
  6. အဲဒီမှာ CWMSuperSu.zip ကို ရွေးပေးပါတဲ့
  7. အဲဒီအထဲရောက်ရင် CWMSuperSu.zip ကိုထပ်ရွေးပေးပါတဲ့
အဲဒါဆိုရင်တော့ ကျွှန်တော်တို့ ဟာ Root , Myanmar Font , Keyboard တွေ ကိုအောင်မြင်စွာထည့်ပြီးဖြစ်ပါလိမ့်မည် . 
မင်းရဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားလို့ ရှိရင် RunMe.bat ထဲမှာ ကီးဘုတ်ပေါ်က 1 ကိုရိုတ်၍ Enter ကိုခေါက်လိုတ်ပါတဲ့ ဒါဆိုရင်ဖုန်းဟာ ပါဝါပြန်ပွင့်သွားပါလိမ့်မယ်

ဖုန်းပါဝါပြန်ပွင့်လာရင်တော့ ကျွန်တော်တို့ ဟာ Huawei G520-5000 ကို အောင်မြင်စွာ ကီးဘုတ် များ မြန်မာဖောင့်နှင့် Root တို့ ကို ထည့်သွင်းပြီးဖြစ်နေပါသည် ။

Share This:

Labels: