USB thief လေးသုံးပြီး ကိုသိချင်တဲ့ computer က password တွေအကုန်ယူမယ်
အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့.USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Videoကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်
အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။
ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ ( Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)
ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)
Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထား လိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မပေးထားကြဘူးလေHacking ၀ါသနာပါတဲ့ Beginner တွေ အတွက်ပါ။
ပျော်ရွှင်ပါစေဗျာ ……