Popular

Template Information

Welcome To Sora Films

Non-jailbroken iDevices တွေမှာ respring folder တစ်ခုတည်ဆောက်နည်း

ဒီ tutorial လေးကို iPhone 4S iOS 6.0.1 မှာစမ်းထားတာပါ iPhone 5 iOS 6.0.1,6.0.2 တွေမှာလည်းရပါတယ် iOS 5.0.1,5.1.1 တွေမှာတော့မစမ်းရသေးပါဘူး iPad တွေမှာလုပ်ရင်တော့ screen ကြီးတဲ့အတွက်အရမ်းကြီးတော့အဆင်မပြေနိုင်ပါဘူး :D

ပုံမှန်ဆိုရင် non-jailbroken iDevices တွေမှာ respring လုပ်လို့မရပါဘူး reboot ပဲလုပ်လို့ရပါတယ် respring လုပ်ချင်ရင် Jailbreak လုပ်ပြီးမှ SBSettings တို့ Respring Fast တို့သွင်းထားမှရပါတယ်

Respring နဲ့ Reboot ဘာကွာခြားသလဲ? အကြမ်းဖျင်းအားဖြင့်သဘောတရားခြင်းတော့တူတူပါပဲ မိမိတို့ iDevice ကို restart ချတာပါ ဒါပေမယ့် Respring က Reboot ထက်အများကြီးပိုမြန်ပါတယ်


Step (1) Second homescreen မှာ မိမိနှစ်သက်ရာ app or game နှစ်ခုသုံးပြီး folder တစ်ခုဆောက်ပါမယ်

Step (2) Third homesreen မှာ မိမိ “အသုံးမလို” တဲ့ app or game နှစ်ခုသုံးပြီး “Respring” လို့အမည်ပေးထားတဲ့ folder တစ်ခုဆောက်ပါမယ်(အမှန်တကယ်ကနာမည်မပေးလည်းရပါတယ်)

Step (3) အရေးကြီးတဲ့ step က ဒီ step မှာပါ “လည်ထွက်နေတတ်ပါတယ်” ပထမဦးစွာ Third homescreen ကိုရောက်အောင်သွားပါ သွားပြီးရင် Home Button ကိုတစ်ချက်နှိပ်ရပါမယ် နှိပ်ပြီးရင်တန်းလွှတ်ရမှာပါ (long press လုပ်ရန်မလိုပါ home button မကောင်းရင်တော့အစဉ်မပြေနိုင်ပါ) Home Button ကိုမနှိပ်ခင် အခြားလက်တစ်ဖက်က Third homescreen မှာရှိတဲ့ folder အပေါ်မှာအဆင်သင့်အနေအထားနဲ့ရှိနေရပါမယ် “နှိပ်တော့မနှိပ်ရသေးပါ” Home Button ကိုတစ်ချက်နှိပ်ပြီးပြီးချင်းမှပဲ အဆင့်သင့်ထားထားတဲ့လက်နဲ့ third homescreen က folder ကို tap and hold လုပ်ပြီး ဘယ်ဘက်ကို swipe လုပ်ရပါမယ်
အထပ်ပါ process ကိုအောင်မြင်အောင်လုပ်နိုင်ရင် icon တွေက wiggle mode ၀င်ပြီး Second homescreen ကိုရောက်သွားမှာဖြစ်ပါတယ် wiggle mode မ၀င်သေးရင်တော့မအောင်မြင်သေးပါ

Step (4) wiggle mode ၀င်သွားရင် Second homescreen က မိမိဆောက်ထားတဲ့ folder ကို wiggle mode အနေအထားမှာ open လုပ်ရပါမယ် open လုပ်ပြီးရင် Home Button ကိုတစ်ချက်ပြန်နှိပ်ရပါမယ် ဒါဆိုရင်တော့ Third homescreen က folder က Second homescreen က folder ထဲကိုရောက်သွားမှာဖြစ်ပါတယ်

Step (5) ဒီ step မှာတော့ Second homescreen မှာရှိတဲ့ folder ထဲက မိမိထည့်ထားတဲ့ app or game နှစ်ခုကိုပြန်ထုတ်လို့ရပါပြီ ဒါဆိုရင်တော့ Second homescreen မှာရှိတဲ့ folder ထဲမှာ  Respring လို့အမည်ပေးထားတဲ့ folder တစ်ခုပဲရှိနေမှာဖြစ်ပါတယ်

Step (6) မိမိ Respring လုပ်လိုတဲ့အခါ Second homescreen မှာရှိတဲ့ folder ထဲက Respring folder ကို tap လုပ်ရုံနဲ့ မိမိ iDevice က Respring ကျသွားမှာဖြစ်ပါတယ်

မှတ်ချက်။    ။ Second homescreen မှာရှိတဲ့ folder ထဲက Respring folder ကိုအပြင်ထုတ်လိုက်ရင်တော့ Respring folder ပျက်ပြယ်သွားမှာဖြစ်ပါတယ်

Share This: